Advertisements

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ ပနားမားကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဲဒီနိုင်ပွဲဟာ အင်္ဂလန်အသင်းအတွက်တော့ ကမ္ဘာ့ဖလားမှာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။

အဲဒီပွဲစဉ်သွင်းဂိုး တွေကြောင့် အင်္ဂလန်အသင်းဟာ နှစ်ပွဲကစားအပြီးမှာ သွင်းဂိုးရှစ်ဂိုး အထိ စုဆောင်း ထားနိုင်ခဲ့တဲ့အပြင် နောက်တစ်ဆင့်ကိုလည်း အုပ်စုပထမနဲ့ တက်လှမ်းဖို့ ရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။

\အင်္ဂလန်အသင်းနဲ့ ပနားမားအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ နောက်ထပ်မှတ်တမ်းသစ်တစ်ရပ်ရေးထိုးနိုင်ခဲ့ တာကတော့ တိုက်စစ်မှူး ဟယ်ရီကိန်းပါ။ ဟယ်ရီကိန်းဟာ အဲဒီပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့တာမို့ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ပထမဆုံး ဟက်ထရစ်သွင်းဂိုးလည်းဖြစ်ခဲ့သလို နှစ်ပွဲပေါင်း ဟယ်ရီကိန်း ရဲ့သွင်းဂိုးက ငါးဂိုးအထိရှိထားခဲ့တာကြောင့် ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရရှိဖို့လည်း နီးစပ်နေခဲ့ပါပြီ။

လက်ရှိကမ္ဘာ့ဖလားမှာ ဟယ်ရီကိန်းက ငါးဂိုးသွင်းထား ပြီး စီရိုနယ်လ်ဒိုနဲ့ လူကာကူတို့က လေးဂိုးစီ သွင်းယူထား ကြတာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ငါးဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂ဝဝ၆ ကမ္ဘာ့ဖလားနဲ့ ၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ တို့မှာ ရွှေဖိနပ်ဆုရရှိထားကြတဲ့ ဂျာမနီကြယ်ပွင့်တွေဖြစ် တဲ့ ကလိုဆေးနဲ့ သောမက်မူလာ တို့ရဲ့ သွင်းဂိုးတွေနဲ့ တူညီသွားတာပဲဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ စံချိန်သစ်တွေကြောင့် ဘယ်လ်ဂျီယံအသင်းဟာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်
ကစားရမယ့် ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာကစားသမား ၁ဝ ဦးအထိ အပြောင်းအလဲ လုပ်ဖို့ရှိတယ် လို့ တူနီးရှားကို အနိုင်ရရှိခဲ့ပြီးချိန်မှာ နည်းပြမာတီနက်ဇ် က ပြောကြားခဲ့ပါတယ်။

အင်္ဂလန် အသင်းနဲ့ ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ကွန်ပနီပါဝင်လာမှာ ဖြစ်ပြီး ကွန်ပနီဟာ ဒဏ်ရာပြဿနာကြောင့် အုပ်စုအဆင့်ကစားခဲ့ပြီးတဲ့နှစ်ပွဲလုံးနဲ့ လွဲခဲ့ရသူပါ။ လက်ရှိမှာ နောက်တစ်ဆင့်အတွက် သေချာ ခဲ့ပြီဖြစ်ပေမယ့် အုပ်စုပထမ နေရာနဲ့ ဘယ်လ်ဂျီယံ အသင်း တက်လှမ်း နိုင်မလားဆိုတာ ကတော့ အင်္ဂလန်နဲ့ ကစားမယ့် အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်က အဖြေထုတ် ပေးမှာဖြစ်ပါတယ်။

Ref: star sport

Advertisements
<

Leave a Reply