မော်လမြိုင်၊ သြဂုတ်၂၀

ကမ္ဘာလူငယ်များနေ့ အခမ်းအနား ကို မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ သံလွင်ဥယျာဉ်တွင် သြဂုတ်လ ၂၀ ရက်နေ့ကကျင်းပခဲ့ပြီး လူငယ် ၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း မွန်ပြည်နယ် လူငယ့်ရေးရာ အတွင်းရေးမှူး ကိုကြည်ဇော်လွင်ပြောကြားသည်။

“တစ်ကမ္ဘာလုံးက ပါဝင်လှုပ်ရှားရတဲ့ အစီအစဉ်ဖြစ်လို့ ကျွန်တော် တို့လည်း ပူးပေါင်း တာပါ” ဟု၎င်း ကဆိုသည်။
သြဂုတ်လ ၁၂ရက်နေ့ကို ကမ္ဘာ့လူငယ်များနေ့ ဟု သတ်မှတ်ထားပြီး မွန်ပြည်နယ်တွင် ရေးကြီးရေလျှံမှု များ အပါအဝင် သဘာဝဘေးအန္တရယ်များ ကြုံတွေ့ခဲ့ရမှုများကြောင့် ရက်ရွေ့ကျင်းပ ရခြင်း ဖြစ်ကြောင်း ပွဲစီစဉ်များ ကရှင်းပြသည်။

အဆိုပါ လူငယ်များ နေ့ အခမ်းအနား တွင် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရယ် ကျရောက်ခံစားခဲ့ရမှုများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနှင့် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ပြီး ဆုတောင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ယခုနှစ်အတွက် ကမ္ဘာ့လူငယ်များနေ့၏ ရည်ရွယ်ချက်မှာ ” လူငယ်ထုကြီးပါဝင်ကာ ပညာရေးစနစ်ပြောင်းလဲပါ” ဟု သတ်မှတ်ထားသည်။

လူငယ်များနေ့တွင် ပါဝင်ခဲ့သည့် မအိစံပယ်ဖြူက လူငယ်တွေက အနာဂါတ်ရဲ့ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ ဦးဆောင်မှုက တိုးတက်မြင့်မားရမယ် ။ အဲ့အတွက် ပညာရေးကလည်း အဓိကအချက် တစ်ခုဖြစ်တယ် “ ဟု ဆိုပါသည်။

အဆိုပါ အခမ်းအနား တွင် လူငယ်အဖွဲ့ အစည်းများ ၏ ပြခန်း များပြသခဲ့ပြီး မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ ဖန်တီးထားသော စက်မှုပညာ နှင့် နည်းပညာ ပြသခဲ့သည်။

ကမ္ဘာ့လူငယ်များနေ့ကို ကမ္ဘာပေါ်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က စတင်ကျင်းပခဲ့ပြီး မြန်မာ နိုင်ငံ တွင် ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ရန်လင်းအောင်

Leave a Reply