ကမ္ဘာပေါ်ရှိလူဦးရေ ၉၀ ရာခိုင်နှုန်းကျော်မှာ အရည်အသွေးနိမ့်ပါးသည့် ညစ်ညမ်းသောလေကို ရှူရှိုက်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောကြားလိုက်သည်။

air-news-who-copy

လေထုညစ်ညမ်းမှုပြဿနာကို ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့် အဖွဲ့အစည်းအားလုံး
ရင်ဆိုင်နေပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရခြင်းကြောင့် သေဆုံးရသည့်ဦးရေမှာ တစ်နှစ်လျှင် ခြောက်သန်းကျော်ရှိကြောင်း WHO က ခန့်မှန်းထားသည်။

“ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေပါ” ဟု WHO ၏ ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဌာနမှ MariaNeira က သတိပေးပြောဆိုသည်။

မသန့်ရှင်းသောလေကို ရှူရှိုက်ရခြင်းကြောင့် အဆုတ်ရောဂါများ၊ နှလုံးရောဂါနှင့် အခြားရောဂါများခံစားရနိုင်ပြီး လတ်တလောတွင် လေထုညစ်ညမ်းမှုပြဿနာကို ဆင်းရဲသည့်နိုင်ငံများက ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုခံစားနေရသည်။

ထို့ပြင် လေထုညစ်ညမ်းမှုပြဿနာကို ကြီးမားစွာခံစားနေရသည့်ဒေသများမှာ တရုတ်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ ပါဝင်သည့် အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသများ ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

အိမ်ပြင်ပ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ သုံးသန်းခန့် သေဆုံးလျက်ရှိပြီး လေထုညစ်ညမ်းမှု ပြဿနာကိုဖြေရှင်းရန် သယ်ယူပို့ဆောင်ရေးနှင့် အညစ်အကြေးစွန့်ပစ်မှုစနစ်များတွင် ပြန်လည်အစားထိုး နိုင်သည့်စွမ်းအင်များကို အသုံးပြုရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက အကြံပြုပြောဆိုထားသည်။

WHO သည် လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် အစီရင်ခံစာကို ကမ္ဘာပေါ်ရှိ စခန်းပေါင်း ၃၀ဝ၀ မှ လေ့လာမှုနှင့်ဂြိုဟ်တုတိုင်းထွာချက်များကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။

Ref; BBC, AFP

Leave a Reply