Advertisements

ဆေးဖိုးဝါးခ မတတ်နိုင်သော လူသန်းပေါင်းများစွာအတွက် ဆေးဝါးကုသမှု ခံယူခွင့်ရရှိစေရန် ရည်ရွယ်သော ကျန်းမာရေး အာမခံစီမံကိန်းကို အိန္ဒိယနိုင်ငံက ကြေညာလိုက်သည်။

အဆိုပါ စီမံကိန်းမှာ ကမ္ဘာတွင်အကြီးမားဆုံးသော စီမံကိန်းဖြစ်ပြီး ကျေးလက်မဲဆန္ဒရှင်များ၏ ထောက်ခံမှုရရှိနိုင်ဖွယ်ရှိသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် နိုင်ငံGDP၏ တစ်ရာခိုင်းနှုန်းကျော်ခန့်ကိုသာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် အသုံးပြုနေပြီး ကမ္ဘာပေါ်တွင် ကျန်းမာရေးအသုံးစရိတ် အနည်းဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။

အဆိုပါ ကြေညာချက်မှာ ဘဏ္ဍာရေးလျာထားချက်ထဲတွင် ပါဝင်ပြီး လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီတွင် တိုးတက်အောင် လုပ်ရန်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး အရမ် ဂျေးတလေသည် ဒေါ်လာဘီလီယံပေါင်းများစွာကို ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေးနှင့် ကျေးလက်ဒေသ အခြေခံ အဆောက်အအုံများအတွက် အသုံးပြုသွားရန် ဘတ်ဂျက်ခွဲတမ်းချထားသည်။

အဆိုပါ ကျန်းမာရေးအာမခံစီမံကိန်းသည် ဆင်းရဲမွဲတေနေသော မိသားစု သန်း၁၀၀ ကျော်အထိ သက်ရောက်မှုရှိမည်ဖြစ်ပြီး မိသားစုတစ်ခုချင်းစီအတွက် တစ်နှစ်လျှင် ပျမ်းမျှ ရူပီးငါးသိန်းထောက်ပံ့မည်ဖြစ်သည်။

‘ဒီစီမံကိန်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော အစိုးရဘဏ္ဍာသုံး ကျန်းမာရေးစောင့်ရှောက်မှု အစီအမံဖြစ်ပါတယ်’ ဟု မစ္စတာ ဂျေးတလေက လွှတ်တော်သို့ ပြောသည်။

‘အစိုးရဟာ လူအားလုံး ကျန်းမာရေး ဝန်ဆောင်မှု ရရှိစေရေးရည်ရွယ်ချက်ဆီကို တဖြည်းဖြည်းချင်းနဲ့ တိုးတက်မှုရှိရှိ လျှောက်လှမ်းနေပါတယ်’ ဟု သူက ပြောသည်။

‘အိန္ဒိယနိုင်ငံရဲ့ ပုဂ္ဂလိက ဆေးရုံတွေဟာ ဆင်းရဲတဲ့လူတွေအပေါ် မောက်မောက်မာမာ ဆက်ဆံတာတွေ၊ ဈေးတွေ ကြီးမြင့်တာတွေရှိတယ်ဆိုပြီး ခေတ်အဆက်ဆက်က နာမည်ကြီးပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ မသေချာသေးသလို စီမံကိန်း ဘဏ္ဍာငွေတွေကို ဘယ်လို လှည့်လည် သုံးစွဲမယ်ဆိုတာလည်း မသိရသေးပါဘူး’ဟု Soutik Biswas က ပြောသည်။

အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု နိုင်ငံတော်အဆင့် စီမံကိန်းသည် လိုအပ်ချက်ရှိနေသော လူသန်းပေါင်း ၅၀၀ အထိ အကျိုးခံစားခွင့်ရရှိစေမည်ဖြစ်ပြီး အပြောင်းအလဲဖြစ်စေနိုင်သော အစီအမံတစ်ရပ်လည်းဖြစ်လာနိုင်သည်။

Advertisements
<

Leave a Reply