ကမ္ဘာ့ တန်ကြေးအကြီးဆုံး ကုမ္ပဏီအဖြစ် ၁၅နှစ်အကြာတွင် ပြန် ဦးမော့လာသည့် Microsoft

Microsoft ကုမ္ပဏီသည် I Phone များ ထုတ်လုပ်သည့် Appleကုမ္ပဏီကို ဖြတ်ကျော်ကာ ကမ္ဘာ့တန်ဖိုးအရှိဆုံးကုမ္ပဏီနေရာသို့ ယခု ၁၅ နှစ်အကြာတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။

၎င်း software လုပ်ငန်းကြီး၏ ဈေးကွက်တန်ဖိုးမှာ နိုဝင်ဘာ ၃၀ ရက် သောကြာနေ့က ဒေါ်လာ ၈၅၁ ဘီလျံရှိပြီး Apple က ဒေါ်လာ ၈၄၇ ဘီလျံ ရှိခဲ့သည်။ လုပ်ငန်းနှစ်ခုသည် ထိပ်ဆုံးနေရာသို့ရောက်ရှိရန် ပြိုင်ဆိုင်လျက်ရှိကြပြီး နေ့ရက်တိုင်းတွင် Apple မှသာ ဦးဆောင်နေနိုင်ခဲ့သည်။

သို့သော် လတ်တလောကာလများအတွင်း ရှယ်ယာဈေးကွက်များ ကျဆင်းလာပြီးနောက်တွင် Apple ကုမ္ပဏီမှာပထမနေရာကို လက်လွတ်ခဲ့ရသည်။

သောကြာနေ့မနက်အစောပိုင်းမှ စတင်ကာ Microsfte ကုမ္ပဏီ၏ ရှယ်ယာများသည် ဝ.၆ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၁၀.၈၉ ဈေးဖြင့် ပိတ်သိမ်းနိုင်ခဲ့သည်။ Apple ကုမ္ပဏီ၏ ရှယ်ယာကမူ ဝ.၅ ရာခိုင်နှုန်းကျဆင်းသွားပြီး ဒေါ်လာ ၁၇၈.၆၀ ဖြင့်သာ ပိတ်သိမ်းခဲ့ရသည်။

Apple ၏ရှယ်ယာများသည် အောက်တိုဘာနောက်ပိုင်းတွင် ၂၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်၊ အကြောင်းရင်းမှာ လက်ရှိ ပေါ်လစီများအရ တရုတ်ပြည်ထုတ်ပစ္စည်းများအပေါ် အမေရိကန်၏ ထပ်ဆောင်းခွန်ကောက်ခံမှုကြောင့် စမတ်ဖုန်းဈေးကွက် ဝယ်လိုအား နှေးကွေးလာခြင်း ဖြစ်သည်။ ထိုရှယ်ယာဈေးကျဆင်းမှု ဂယက်ကြောင့် Apple လုပ်ငန်း၏ ဈေးကွက်ရှယ်ယာတန်ဖိုးထဲမှ ဒေါ်လာ ဘီလျံ ၂၀၀ ကျော်ခန့် နစ်နာခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအခြေအနေများအရ ရင်းနှီးမြှုပ်နှံသူများကလည်း Microsoft၏ အလားအလာမှာ ပိုမိုကောင်းမွန်လျက်ရှိကြောင်း လောင်းကြေးထပ်နေကြသည်။

Ref : BBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.