ထားဝယ်၊ မေ

ထားဝယ်မြို့တွင် မူလရှိပြီး ကမြောကင်းတံတားအပြင် နောက်အသစ်တစ်စင်း ထပ်မံတည်ဆောက်ရန် မြေစမ်းသပ်မှုကို ယခုလာမည့် ဘတ်ဂျက်ကာလအတွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။

“အဆင်ပြေဆုံးနေရာတစ်ခုကတော့ လက်ရှိတံတားနဘေး မှာပဲကပ်ထိုးမယ်လို့လောလောဆယ်တော့ဆောက်လုပ် ရေးက အင်ဂျင်နှီယာတွေအမြင်ကတော့ အဲဒီလိုမြင်ထား တယ်”ဟု ဦးဝင်းမင်းထွဋ် က ဆိုသည်။

မြေစမ်းသပ်မှုလုပ်ငန်းစဉ်ကို ပြည်ထောင်စုရန်ပုံငွေဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး စမ်းသပ်ပြီးစီးပါက ဆောက်လုပ်မှုဒီဇိုင်း ပုံစံထုတ်မည်ဖြစ်ကြောင်း၎င်းက ပြော သည်။

လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်ဘတ် ဂျက်ထည့်သွင်းရေးဆွဲမည်ဖြစ်ပြီးတံတားတည်ဆောက် ရန်လျာထားပြီး စီမံကိန်းကာလမှာ ၃ နှစ်ဖြစ်သည်ဟု ယင်းဌာ နထံမှ သိရသည်။

လတ်တလောလျာထားသည့်တံတားပုံစံမှာ ၄လမ်းသွား သံကူကွန်ကရစ် တံတားဖြစ်ပြီး ၄လမ်းသွား(သို့) ၂ လမ်းသွားမှ မည်သို့ဖြစ်မည်ကို ဒီဇိုင်းထွက်လာချိန်မှ အတည်ပြုနိုင်မည်ဟု ဆိုသည်။

မူလ ကမြောကင်းတံတားကို ၁၉၇၅ခုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး တံတားပေအရှည်မှာ၁၁၀၀ပေရှိကြောင်း၊ ယခုထပ်မံတည်ဆောက်မည့်တံတားအသစ်မှာ ရှိပြီးသားတံတားထက်အနည်းငယ်ပိုရှည်လျားမည်ဖြစ်ကာ ငွေကျပ်၄ဘီလီယံကျော်ကုန်ကျမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနက ခန့်မှန်းထားသည်။

ကမြောကင်းတံတားမှတဆင့် မောင်းမကန်ကမ်းခြေ၊မျှော်ရစ်စေတီ၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၊သာဂရ(ထားဝယ်မြို့ဟောင်း)၊ ကမ်းခြေစသောနေရာများသို့သွားလာနိုင်သည်။

လက်ရှိ ကမြောကင်းတံတားကို မောင်းမကန်ကမ်းခြေနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖက်သို့သွားရန် သတ်မှတ်သင့်ပြီး နောက်တံတားအသစ်ကိုထားဝယ်မြစ်ကိုဖြတ်၍ လောင်းလုံးမြို့နှင့်နီးစပ်သည့် သီးခြားနေရာတွင် တည် ဆောက်သင့်ကြောင်းထားဝယ်မြို့ခံအချို့ကဝေဖန်ပြောဆိုလျက်ရှိသည်။

Written by တင့်လွင်

Leave a Reply