Advertisements

ဘားအံ၊ ဖေဖော်ဝါရီ ၂၈ ။ ။ ကရင်ပြည်နယ်တွင် ပြုလုပ်သည့် ကရင်ပါတီများ တစ်ပါတီတည်း ပေါင်းစည်းရန် ဆွေးနွေးပွဲ ဒုတိယမြောက် နေ့တွင် ပါတီသစ်၏ မူဝါဒပိုင်းဆိုင်ရာ အခြေခံမူကြမ်း ရေးဆွဲနိုင်ခဲ့သော်လည်း ကော်မတီဖွဲ့က ပါတီမူဝါဒသစ်ကို အချောသတ်နိုင်ရန် ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း ဖလုံ- စဝေါ်ကရင်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ဟင်္သာမီဒီယာသို့ ပြောသည်။

“နှစ်ရက်ကြာပြုလုပ်တဲ့ ကရင်တစ်ပါတီတည်း ပူးပေါင်းရန်ဆွေးနွေးပွဲကနေပြီး ပါတီအသီးသီးရဲ့ မူဝါဒကို ချပြပြီးတော့ တစ်ခုတည်းသော ပေါင်းစည်းထားတဲ့ တစ်ပါတီရဲ့ အခြေခံမူကြမ်းကို ရရှိခဲ့ပြီဖြစ်ပါတယ်၊ ပြီးတော့ ရရှိလာတဲ့ အခြေခံမူဝါဒဆိုင်ရာ မူကြမ်းကို ကော်မတီ ၁၀ ဦးဖွဲ့ပြီး ဆက်လက်ဆွေးနွေး ရေးဆွဲသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကရင်ပါတီများ ပူးပေါင်းပြီးလျှင် ဖြစ်ပေါ်လာမည့် ပါတီ၏ မူဝါဒပိုင်းဆိုင်ရာ အခြေခံမူကြမ်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေးနှင့် အခြားအထွေထွေ ကိစ္စရပ်များကို တင်ပြခဲ့ကြပြီး အသေးစိတ်ဆောင်ရွက်ရမည့် လုပ်ဆောင်ချက်များကို ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဌ စောထွန်းမြင့်အောင်က ဆိုသည်။

Advertisements
data-language="en"

“အခုအနေအထားကတော့ ပါတီအားလုံးစုပေါင်းပြီး တစ်ပါတီတည်းဖြစ်ဖို့ ခိုင်မာသွားပြီလို့ ပြောလို့ရပါတယ်၊ ပူးပေါင်းရေး ကော်မတီကနေပြီး တစ်ပါတီကို နှစ်ယောက်နဲ့ စုစုပေါင်း ၁၀ ယောက်ပါမှာဖြစ်ပြီး အခြေခံမူကြမ်းကို အသေးစိတ်ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု စောထွန်းမြင့်အောင်က ပြောသည်။
b-copy
ကရင်ပြည်နယ်တွင် နိုင်ငံရေးပါတီ ခြောက်ခုရှိပြီး လက်ရှိအနေအထားအရ ကရင်တိုင်းရင်းသားကိုယ်စားပြု ပါတီ ငါးပါတီက ပေါင်းစည်းရန် ဆွေးနွေးနေပြီဖြစ်ကာ ကျန်ရှိနေသည့် စည်းလုံးညီညွတ်သော ဒီမိုကရက်တစ် ပါတီက ပေါင်းစည်းရေးတွင် ပါဝင်နိုင်ရေးအတွက် ကမ်းလှမ်းမှုများရှိထားကြောင်း မန်းအောင်ပြည်စိုးက ဆိုသည်။

ကရင်ပါတီများ တစ်ပါတီတည်း ပေါင်းစည်းရေးကော်မတီ၏ ဆွေးနွေးညှိနှိုင်းပွဲကို မေလ တတိယအပတ်တွင် ပါတီသစ်၏ အခြေခံမူကြမ်းနှင့် ပါတီအသစ်၏ နာမည်၊ အမှတ်တံဆိပ်သတ်မှတ်ခြင်း ဆိုင်ရာကိစ္စရပ်များကို အချောသတ်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့သည်ဟု မန်းအောင်ပြည်စိုးက ပြောသည်။

Written by – ဖိုးဝ

Leave a Reply