Advertisements

ဘားအံ၊ ဖေဖော်ဝါရီ ၂၇ ။ ။ ကရင်နိုင်ငံရေးပါတီများကို တစ်ပါတီအဖြစ် ပေါင်းစည်းရန် သဘောတူလိုက်ပြီးဖြစ်ကြောင်း ကရင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကရင်ပြည်သူ့ ပါတီဥက္ကဌ ဦးစောထွန်းမြင့်အောင်က ဟင်္သာမီဒီယာသို့ ပြောသည်။

“ဆွေးနွေးပွဲ ရလဒ်အနေနဲ့ကတော့ ပါတီ ငါးခုလုံး ပေါင်းစည်းဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်၊ ဒါပေမယ့် ပါတီတွေက ကိုယ့်ဝါဒနဲ့ ကိုယ်သွားတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ပါတီတွေမှာ အတည်ပြုချက် ရယူဖို့နဲ့ ပါတီပေါင်းစည်းပြီးရင် ဆက်သွားရမယ့် မူဝါဒတွေကို ဆွေးနွေးရန်အတွက် လုပ်ရဦးမယ်”ဟု ၎င်းက ပြောသည်။

ပါတီပေါင်းစည်းရေးအတွက် ပြုလုပ်ရမည့် လုပ်ငန်းများအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်တွင်ပါရှိသည့် ဥပဒေများအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကော်မရှင်မှ ခွင့်ပြုချက်ရပါက လက်ရှိပါတီများကို ဖျက်သိမ်း၍ ပါတီအသစ်တစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ဆက်လက်ပြောသည်။

Advertisements
data-language="en"

a-copy“လက်ရှိကရင် ငါးပါတီမှာ တစ်ပါတီက တိုင်းရင်းသား ညီနောင်များအဖွဲ့မှာ ပါဝင်နေပြီး ကျန်ပါတီများကလည်း အခြား ၎င်းတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်နေတဲ့အတွက်ကြောင့် ဒါတွေကို အကြေအညက် ဆွေးနွေးရတဲ့အပိုင်းနဲ့ ပတ်သက်လို့ အခက်အခဲအနည်း ငယ်ရှိပါတယ်”ဟု စောထွန်းမြင့်အောင်က ဆိုသည်။

ကရင်ပြည်နယ်ရှိ နိုင်ငံရေးပါတီငါးခုကို ပေါင်းစည်းနိုင်ရန်အတွက် ကရင်ပါတီများ ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းထားပြီး ကရင်ပါတီငါးခုမှ ပါတီအကြီးအကဲ ငါးဦနှင့် အဖွဲ့ဝင် ၂၅ ဦးပါဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးမန်းအောင်ပြည်စိုးက ဆိုသည်။

“အားလုံးသိတဲ့အတိုင်းပဲ ကရင်လူမျိုးတွေက ပါတီတွေများတော့ ဘယ်သူ့ကို မဲပေးရမှန်းမသိဘူး။ မဲတွေ ပြန့်နေတော့ သူတို့လည်း စိတ်အနှောက်ယှက် ဖြစ်တာပေါ့။ ပြည်နယ်မှ ပါတီတစ်ခုတည်းဆိုရင် သူတို့အတွက်လည်း အဆင်ပြေတာပေါ့” ဟု ပါတီများ ပူးပေါင်းရခြင်းနှင့် ပတ်သက်ပြီး ကရင်ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးစောစေးဝါးက ရှင်းပြသည်။

ကရင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးနှင့်ပတ်သက်၍ မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို တစ်ဆင့်ချင်း ပြုလုပ်သွားမည်ဖြစ်ပြီး မိမိတိ်ု့အနေဖြင့် ပါတီပေါင်းစည်းရေးကို နောက်သို့ ပြန်လည်မရောက်သွားရန် ဆန္ဒရှိသည်ဟု စောထွန်းမြင့်အောင်က ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် အဆိုပါတီ ငါးခုအနက် ကရင်ပြည် သူ့ပါတီမှ ကိုယ်စားလှယ် တစ်ဦးသာ အနိုင်ရရှိပြီး ကျန်ပါတီများရှိ ကိုယ်စားလှယ်လောင်းများအနေနှင့် အနိုင်မရရှိခဲ့ကြောင်း ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးက ပြောကြားသည်။

Written by – ဖိုးဝ

Leave a Reply