Advertisements

မော်လမြိုင်၊ သြဂုတ် 

ကရင်နှင့် မွန်ပြည်နယ်တွင် လာမည့် သြဂုတ် တတိယအပတ်တွင်း မိုးပိုရွာနိုင်၍ ရွာချိန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၁၆ ရက်တွင် ခန့်မှန်း ထုတ်ပြန်ထားသည်။

မိုးရွာသွန်းစဉ် နေရာကွက်၍ဖြစ်စေ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးဆက်တိုက်ရွာသွန်းမှုလည်း ဖြစ်ပေါ်နိုင်ကြောင်း မွန်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဌေးက ပြောသည်။

“မိုးကတော့ ရွာဖို့ရှိသေးတယ်၊ နေရာကွက်ပြီးလည်း ရွာနိုင်တယ်၊ မိုးဆက်သွားလည်း ဖြစ်နိုင်တယ်၊ မုန်တိုင်းတော့ရှိပေမယ့် ကျွန်တော်ဘက်ကို မထိရောက်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။

သြဂုတ်လ ၁၇ရက်တွင် နေပြည်တော်မှ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ဘီဘင်ကာ တိုက်ခတ်နေသော်လည်း ပြည်နယ်သို့ ထိရောက်မှုမရှိနိုင်သောကြောင့် စိုးရိမ်မနေကြရန် ဆက်လက် ပြောကြားခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်ကျရောက် နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျရောက်နေစဉ်တွင် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄ဝ)အထိ တိုက်ခတ်နိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ ၆ပေမှ ၁ဝပေခန့်ရှိနိုင်သည်။

မိုးလေဝသနှင့် ဇလဗေဒမှ သြဂုတ်လ ၇ရက်တွင် ထုတ်ပြန်ထားသော စားရင်းများအရ စိုးရိမ်ရေမှတ်ရောက်ရှိနေသော မြစ်များမှာ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ငဝန်မြစ်တို့ဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသော မြို့များမှာ ဘားအံမြို့၊ မဒေါက်မြို့နှင့် သာပေါင်းမြို့တို့ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုက်ထိုက်

Advertisements
<

Leave a Reply