(ဓါတ်ပုံ အညွှန်း – ကရင်ပြည်နယ်တွင်ကျင်းပသည့် မွန်လူငယ်များနေ့ကို မွန်တိုင်းရင်းသားလူငယ်များ တက်ရောက်လာမှုမြင်ကွင်း)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်လူငယ် ၁၀ဝ၀ဝ ကျော်တက်ရောက်ခဲ့ကြောင်း မွန်လူငယ်များနေ့ ကျင်းပရေးကော်မတီမှ ဒေါက်တာ မင်းစိုးလင်က ပြောသည်။

မွန်လူငယ်နေ့ ပြုလုပ်ခြင်းဖြင့် အနယ်နယ်အရပ်ရပ်မှ မွန်လူငယ်များ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခွင့်ရပြီး အမျိုးဘာသာ၊ သာသနာအတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆွေးနွေးနိုင်ကြကြောင်း၊ အစိုးရက မလုပ်ပေးနိုင်သေးသည့် မွန်စာပေ၊ ယဉ်ကျေးမှုများကို အချင်းချင်း ချိတ်ဆက်၍ လုပ်ဆောင်ခွင့် ရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

“မွန်လူငယ်များ၏ ပညာအဆင့်အတန်း မြှင့်တင်ရေး၊ မွန်လူငယ်များအတွင်း ယဉ်ကျေးမှု ပိုမိုတည်ဆောက်ရေး၊ မွန်အမျိုးသား လွတ်မြောက်ရေးအတွက် မွန်လူငယ်များ ပါဝင်လာဖို့ ရည်ရွယ်ပြီးတော့ လုပ်ခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မွန်လူငယ်များနေ့သည် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ ပငကျေးရွာတွင် ခေတ်သစ်မွန်လူငယ်တို့၏ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ပထမဆုံးအကြိမ်ကျင်းပသော အစည်းအဝေးကို ဂုဏ်ယူသောအားဖြင့် ပေါ်ပေါက်လာသည်ဟု မွန်လူငယ်များနေ့ ထုတ်ပြန်ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

 (ဓါတ်ပုံ အညွှန်း – ကရင်ပြည်နယ်တွင်ကျင်းပသည့် မွန်လူငယ်များနေ့ကို မွန်တိုင်းရင်းသားလူငယ်များ တက်ရောက်လာမှုမြင်ကွင်း)

(ဓါတ်ပုံ အညွှန်း – ကရင်ပြည်နယ်တွင်ကျင်းပသည့် မွန်လူငယ်များနေ့ကို မွန်တိုင်းရင်းသားလူငယ်များ တက်ရောက်လာမှုမြင်ကွင်း)

မွန်လူငယ်များနေ့ ဖြစ်ပေါ်လာရန် ၂ဝဝ၇ ခုနှစ်၊ ၂၀ဝ၉ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များတွင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီဝင်း ကိုဇာနည်းဦးက ဆိုသည်။

Written by –

Leave a Reply