Advertisements

ဘားအံ၊ မေ

ကရင်ပြည်နယ်၏ ရှားပါး အထင်ကရပွဲတော်တစ်ရပ်ဖြစ်သည့် ဒူးရင်းသီးစားပွဲတော်ကို ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကျေးရွာတွင် ယခုလ ၁၂ရက်၊ စနေနေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် လောင်းကိုင်၊ ဖားကျ၊ သမိန်ဒွတ် ကျေးရွာဒေသခံများ စိုက်ပျိုးသော ဒူးရင်းသီးများကို စုပေါင်း သယ်ဆောင်၍ လောင်းကိုင် ဘုန်းတော်ကြီးကျောင်းတွင် ခင်းကျင်းကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းသွားမည့်အပြင် ဒေသခံများနှင့် ရပ်ဝေးရပ်နီးဧည့်သည်များအားလည်း ကျွေးမွေးသွားရန် ရှိနေသည်။

“ကျွန်မတို့ကတော့ ပွဲဖြစ်တိုင်း သွားစားတယ်။ ကြိုက်တဲ့အသီး ခွဲစားရုံပဲ။ သူငယ်ချင်းတွေ အစုလိုက် သွားစားကြတာ ပျော်စရာပါ။ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်လာပြီးမှ အဲဒီရွာဘက်တွေ သွားလို့လာလို့ ရလာတာပါ။ အရင်က ဒီဘက်က အစိုးရအုပ်ချုပ်တဲ့ နယ်မြေတွေတော့ မဟုတ်ဘူး။ KNUနယ်မြေရွာတွေပေါ့။ သူတို့ ဒေါနတောင်ခြေမှာ အလေ့ကျရော၊ စနစ်တကျ ခြံနဲ့ စိုက်ထားတာရောက ရာသီဥတုကောင်းပြီး ဒူးရင်းအထွက်များတဲ့နှစ်ဆိုရင် ပွဲတော်လုပ်ပြီး လှူတာပါ။ အရင်ကတော့ မိုးကျခါနီး ဝါဆိုလလောက်မှ လုပ်တာ ပါ”ဟု ကော့ကရိတ်မြို့ခံ မနန်းထွေးက ပြောသည်။

အဆိုပါကျေးရွာများမှာ ဒေါနတောင်ခြေ၌ ဒူးရင်း၊ နာနတ်၊ မင်းဂွတ်၊ ကြက်မောက်၊ ကျွဲကော၊ ဒညင်းသီးများကို ဒေသထွက်ကုန်အဖြစ် နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်သူ ကရင်တိုင်းရင်းသားအများစု နေထိုင်ကြသည်။

Written by ရာဟု(ဖားအံ)

Leave a Reply