(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်၊ ကျောက်စရစ်ကျေးရွာမှ ကရင်နှစ်သစ်ကူးပွဲတော်)

မော်လမြိုင်၊ ဇန်နဝါရီ ၁၀

ကရင်တိုင်းရင်းသား လူမျိုးများသည် ၎င်းတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းခဲ့သည်မှာ နှစ်ပေါင်း ၃၀၀၀ ခန့်ရှိနေပြီးဖြစ်ကြောင်း မွန်ပြည်နယ် ကရင်တိုင်းရင်းသားဝန်ကြီး စောအောင်ကျော်သိန်းက ပြောသည်။

(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်၊ ကျောက်စရစ်ကျေးရွာမှ ကရင်နှစ်သစ်ကူးပွဲတော်)
(ဓါတ်ပုံ အညွှန်း – ပေါင်မြို့နယ်၊ ကျောက်စရစ်ကျေးရွာမှ ကရင်နှစ်သစ်ကူးပွဲတော်)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်စရစ်ကျေးရွာတွင် ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်သော ရ၈ နှစ်မြောက် ကရင်နှစ်ကူးနေ့ အခမ်းအနား၌ ၎င်းက ပြောဆိုခဲ့သည်။

ကရင်တိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံကို ဘီစီ ရ၃၉ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးတစ်ရပ် အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့သည်မှာ ကရင်တစ်မျိုးသားလုံးအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း စောအောင်ကျော်သိန်းက ဆိုသည်။

“ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် ကျင်းပရတာဖြစ်တယ်၊ ကရင်တွေက လက်နက်ကိုင် တပ်မှာပဲ ဖြစ်ဖြစ်၊ ပါတီတွေမှာပဲ ဖြစ်ဖြစ်၊ ကိုးကွယ်တဲ့ အပိုင်းမှာ ပဲဖြစ်ဖြစ်၊ ပြောဆိုတဲ့ စကားမှာလည်း ကွဲပြားမှုတွေ ရှိနေတယ်၊ ဒါပေမယ့် ထူးခြားချက်က ကရင်နှစ်ကူးရောက်တာနဲ့ ပြန်လည်ပေါင်းစည်း တွေ့ဆုံကြတာ ဖြစ်တယ်”ဟု ကျောက်စရစ်ကျေးရွာမှ ကရင်လူမျိုး ဦးစောဆန်းမင်းက ပြောသည်။

ကရင်နှစ်သစ်ကူး အခါသမယတွင် ၎င်းတို့ ဘိုဘွားများ၏ ရိုးရာဓလေ့ ထုံးတမ်းအမွေအနှစ်များကို မပျောက်ပျက်ရန် လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားရမည် ဖြစ်ကြောင်း စောအောင်ကျော်သိန်းက ပြောဆိုသည်။

အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်သို့ ကရင်ရိုးရာအကဖြစ်သည့် ဒုံးအဖွဲ့ပေါင်း ၂၀ နှင့် ဒေသခံ ကရင်တိုင်းရင်းသား ၁၀၀၀ ဦး ကျော် တက်ရောက်ခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

Leave a Reply