ခင်ပွန်းဖြစ်သူရဲ့ဇာတ်ကားတွေက အကြံပေးစရာမလိုအောင် ကောင်းပါတယ်လို့ဆိုတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ““အူဝဲရဲ့ ဇာတ်ကားပဲရုံတင်တင်၊ တီတီ့ရဲ့ ဇာတ်ကားပဲရုံတင်တင်ပရိ သတ် တစ်ယောက်နေရာကနေ ပဲ ကြည့်ပါတယ်။ ဘယ်သူ့ဇာတ် ကားမှာဘာပါ ပါ ငိုစရာရှိရင် လည်းလိုက်ငိုလိုက် တာပဲ၊ ရယ်စရာ ရှိရင်လည်းရယ် လိုက်တာပါပဲ။ တကယ့်ကိုပရိသတ် တစ်ယောက်နေရာကနေပဲခံစားပြီး ကြည့်ပါတယ်”လို့ပြောခဲ့ပါတယ်။

သင်္ကြန်တုန်းက သွားဖြစ်ခဲ့တဲ့ခရီး အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး တော့လည်း ““ခရီးကတော့ ခဏခဏထွက်ဖြစ်ပါတယ်။ ကလေးတွေလသားကတည်း ကအမြဲတမ်း ခေါ်သွားတယ်။ ပြီး တော့ခရီး သွားတာနဲ့သူတို့ Used ဖြစ် နေတော့ခံနိုင်ရည်ရှိအောင် လို့ပါ။ ကလေးတွေပါ လိုက်လို့ရတဲ့ အပျော်ခရီးထွက်တိုင်း သူတို့ ကိုအမြဲပါအောင်ခေါ်သွားတယ်။ ဒါပေမဲ့ အကြီးမလေးကကျောင်း တက်နေ ပြီဆိုတော့ သူကျောင်းတက်တဲ့ အချိန်မှာ သူ့ကိုဘယ်မှမခေါ်ဘူး။ ကိုယ်တွေ လည်းဘယ်မှမသွားဘူး။ ကလေးတွေကိုအသက်ငယ်ငယ် လေးကတည်းက ခရီးကိုခေါ်သွားခြင်းအားဖြင့်သူတို့ခရီးဒဏ် ကိုခံနိုင်ရည်ရှိ သလို ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုအားလည်းပိုကောင်းလာတယ်”လို့ ကလေးတွေနဲ့ခရီးထွက်ရတာနဲ့ ပတ်သက်ပြီးအခုလိုပဲပြောပြခဲ့ပါ တယ်။

သူမလတ်တလောလုပ်ဖြစ် နေတဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း “ဒီကြား ထဲမှာကြော်ငြာတွေလက်ခံထားတာရှိတယ်။ သမီးလေး ကျောင်းပိတ်လို့ရှိရင် ရုပ်ရှင်ဇာတ်ကားကြီးတစ် ကားလက်ခံ ထားတာရှိတယ်။ ကလေးကျောင်း ဖွင့်တဲ့အခါကျတော့ ခရီးခဏ ခဏထွက်ရတော့ ဇာတ်ကား ရိုက်လက်ခံလို့မရဘူး။ သမီး ကျောင်းပိတ်တဲ့အခါကျမှကိုယ် ဇာတ်ကားရိုက်တဲ့နောက်ကို သူ့ ကိုပါခေါ်သွားတယ်”လို့ပြောပြခဲ့ ပါတယ်။

သူမရဲ့သုဒြာထုတ်လုပ်ရေးကထုတ်လုပ်ရိုက်ကူးမယ့် ဇာတ်ကားနဲ့ပတ်သက်ပြီး“အူဝဲတို့ ထုတ်လုပ်ရေးက နောက်လကျ ရင်ပြင်ဦးလွင်မှာသွားရိုက်မှာပါ။ အဲဒီ ဇာတ်ကားထဲမှာတော့အူဝဲမပါဘူး။ ကိုပြေတီဦး၊ ကိုရန်အောင်၊ မကြီးစိုး၊ မခိုင်လေးတို့နဲ့ဟာသဇာတ်ကားရိုက်မှာပါ။ ဒါရိုက်တာကတော့ ကိုသားကြီးပါ။ သုဒြာထုတ်လုပ် ရေးက ဒီဇာတ်ကားနဲ့ဆိုရင်သုံးကားမြောက်ပါ” လို့ဖွင့်ဟခဲ့ပါ တယ်။
Written by – သိမ်မွေ့

Leave a Reply