ကယ်လီဖိုးနီးယား မတ် ၃

ယူကျူ့ချယ်နယ်မှာ ကလေးတွေ ကြည့်ဖို့မသင့်တော်တဲ့ ပုံတွေ၊ ကြေညာတွေနဲ့ app လင့်တွေ အလိုလျှောက် ဝင်နေတာကို ယူ့ကျူ့ကနေ team ဖွဲ့ပြီး ဖျက်ပေးသွားမယ်လို့ YouTubeရဲ့ စီအီးအို ဆူဆန်ဝိုဂျီကီက ပြောပါတယ်။

“ကျမတို့အနေနဲ့ ကလေးတွေကို လုံလုံခြုံခြုံဖြစ်စေချင်ပါတယ်။ သူတို့ရဲ့ အပန်းဖြေတဲ့နေရာတစ်ခုမှာ သူတို့ကို စိတ်အနှောက်ယှက်ပေးနိုင်တဲ့ အရာတွေကို မမြင်စေချင်ပါဘူး”ဟု သူမက ဆန်ဖရန်စ္စကိုတွင်ကျင်းပတဲ့ နည်းပညာညီလာခံမှာ ပြောခဲ့တာဖြစ်ပါတယ်။

သူမကိုယ်တိုင်သည်ပင်လျှင် မိခင်တစ်ဦးဖြစ်သည့်အတွက် ကလေးတွေကို ဘယ်လို ကောင်းမွန်အောင် စောင့်ရှောက်သင့်သလဲဆိုတဲ့အချက်ကို နားလည်ကြောင်းနဲ့ YouTubeကနေတစ်ဆင့် ဝန်ဆောင်မှု ကောင်းကောင်းတွေသာမျှဝေလိုတယ်လို့ ပြောပါတယ်။

ဒါ့အပြင် YouTube မှာ ကလေးတွေအကြည့်များတဲ့ Disney ကထုတ်လုပ်တဲ့ ကားတွေ၊ ဗီဒီယိုဖိုင်တွေကိုလည်း သူတို့မှာပါတဲ့ Adsတွေကနေတစ်ဆင့် အခြား တူညီတဲ့ ဗီဒီယိုတစ်ခုဆီကို ချိတ်ဆက်ပေးတဲ့ လုပ်ဆောင်မှုကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ သူမက ပြောပါတယ်။

ကလေးတွေကြည့်ဖို့ မသင့်တော်တဲ့ အရာတွေဟာ ဗီဒီယိုတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ရာကနေတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်တာကြောင့် YouTube ကနေ Team ဖွဲ့ပြီး အလိုလျှောက် ဖျက်ပစ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

YouTube ကုမ္ပဏီဟာ ကလေးတွေ ကြည်ဖို့ မသင့်တဲ့ ဗီဒီယို ၁၀သန်းနီးပါးကို ဖယ်ရှားပေးခဲ့ပြီး လင့်ခ်ချိတ်ဆက်ပေးတာကိုလည်း အဖွဲ့လိုက်စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲ့ဒီဗီဒီယိုတွေနဲ့ ဆင်တူတဲ့ ဗီဒီယိုတွေ အောက်က ကွန်းမန့်ပေးခွင့်ကိုလည်းပိတ်ခဲ့တယ်လို့ ဆိုပါတယ်။

အသက်ပြည့်ြ့ပီးသားသူတွေသာ ကြည့်လို့ရတဲ့ ဗီဒီယိုဖိုင်တွေကို ဖျက်ပစ်ခဲ့တာကြောင့် ဆယ်ကျော်သက်တွေ ဝမ်းနည်းကောင်း နည်းနေနိုင်ပေမဲ့ နောက်ပိုင်းမှာ ကြည့်သင့်တဲ့ အရည်အသွေးနဲ့ အထောက်အကူပြုတဲ့ ဗီဒီယိုတွေ များလာတဲ့အခါ အဆင်ပြေသွားမယ်လို့ စီအီးအိုက ပြောပါတယ်။

YouTube ရဲ့ ဦးစားပေး ရည်မှန်းချက်က ကလေးတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ စီအီးအို ဆူဆန်ဝိုဂျီကီက ဖြည့်စွက်ပြောခဲ့ပါတယ်။

CNBC

Leave a Reply