Advertisements

ချောင်းဆုံ၊ နိုဝင်ဘာ ၂၀

ကလေးသူငယ် များအား ရိုက်နှက် ပြစ်ဒဏ်ပေး ဆုံးမခြင်း ရပ်တန့်ရေးကို ထောက်ခံသော အားဖြင့် ရွှေကျွန်းသာ လူမှု ကွန်ယက်က ဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ချောင်းဆုံမြို့နယ်တွင် လူအင်အား ၁၇၀ ကျော်ဖြင့် မြို့တွင်း စီတန်း လမ်းလျှောက်ပြီး ကမ်ပိန်း ပြုလုပ် ခဲ့သည်။

“နိုင်ငံအတွင်းမှာ မူလတန်းကျောင်းတွေနဲ့ အိမ်တွင်းတွေမှာ မိဘ ၊ ဆရာသမား တွေက ကလေးသူငယ် တွေကို ဆုံးမတဲ့ အခါ ရိုက်နှက် အပြစ်ဒဏ် ပေးခြင်း အပြင် အခြား အကြမ်းဖက် နည်းတွေကို အသုံးပြု နေတဲ့အတွက် ဒီဓလေ့ စရိုက်ကို ရပ်တန့် သင့်ပြီလို့ မြင်ပါတယ်။ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဥပဒေ ရေးဆွဲ နေတာ ကိုလည်း ထောက်ခံ ကြိုဆိုတဲ့ သဘောလည်း ဖြစ်တယ်”ဟု ရွှေကျွန်းသာ လူမှုကွန်ယက်မှ စီမံကိန်း မန်နေဂျာ ဦးသန့်ဇင်ဝင်းက ဆိုသည်။

အဆိုပါ ကွန်ယက်၊ ဒုဥက္ကဋ္ဌ ဦးတင့်ဝေကလည်း “မြန်မာနိုင်ငံ အတွင်းမှာ ကလေးသူငယ် တွေကို ရိုက်နှက် အပြစ်ဒဏ် ပေးနေတာ ကျယ်ကျယ် ပြန့်ပြန့် ရှိနေ သေးတယ်။ ဥပဒေ အရ ထိရောက်စွာ တားမြစ် ထားနိုင်ခြင်း မရှိသေးတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ထဲမှာလည်း မြန်မာနိုင်ငံက တစ်ခု အပါအဝင် ဖြစ်နေ သေးတယ်” ဟု လည်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ဖော်ပြပါ အကြောင်းအရာနှင့် ပတ်သက်သည့် အသိပညာပေး ဆွေးနွေး မှုများကို စာသင်ကျောင်း များတွင် အခါအား လျော်စွာ ကျင်းပ သွားရန် ရှိကြောင်းလည်း ဦးတင့်ဝေက ဆိုသည်။

Written by လွတ်လပ်မောင် (ယက္ခမြေ)

Advertisements
<

Leave a Reply