Advertisements

ကသာ၊ အောက်တိုဘာ ၁၃ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့မဈေးကြီးနှင့် ဈေးအပြင်ဘက်ရှိ မြို့ပေါ်ဈေးဆိုင်များတွင်ရောင်းချနေ သော လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများကို အောက်တိုဘာ ၁၂ ရက်က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

“ပုံမှန်နေ့စဉ်လည်း အသိပေးတဲ့အတွက် ဈေးထဲမှာ တားမြစ်စားသောက်ကုန်တွေ လျော့နည်းလာတာတွေ့ရ တယ်။ အမျိုးသားအစားအသောက်ဥပဒေအရ စားသုံးရန်မသင့်တာတွေကိုသိမ်းတယ်၊ ပြန်အပ်ခိုင်းတယ်။ ဒီလို ရှောင်တခင်စစ်ဆေးတာတွေလုပ်ပေးခြင်းကြောင့် ရောင်းသူရော၊ ဝယ်သူပါ အလေ့အကျင့်ရသွားတယ်။ ယခင် ကထက်စာရင် သန့်ရှင်းလတ်ဆတ်တဲ့ကုန်ပစ္စည်းရရှိမှု ပိုလာတာတွေ့ရတယ်။ စားသုံးရန်မသင့်တဲ့ အစားအ သောက်တွေ စားသုံးသူထံရောက်ရှိမှု အခွင့်အလမ်းနည်းသွားပါတယ်”ဟု ကသာမြို့နယ်စည်ပင်သာယာရေး ကော်မတီ(ဈေးများဌာန)မှ ဒုတိယဦးစီးမှူး ဦးရန်နိုင်ထွန်းက ပြောသည်။

ရှောင်တခင်စစ်ဆေးမှုကို ကသာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်၍ အလှကုန်ဆိုင်(၆)ဆိုင်၊ ကုန်စုံဆိုင်(၈)ဆိုင်၊ မုန့်ဆိုင်(၃)ဆိုင်၊ ရေသန့်စက်ရုံ(၁)ရုံ၊ ဆေးဆိုင်(၁) ဆိုင်၊ ငါး ဆိုင်(၁)ဆိုင်ကိုစစ်ဆေးခဲ့ပြီး တွေ့ရှိသောသက်တမ်းလွန်ပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

“ထုတ်ကုန်တွေစိတ်ချရစေဖို့ မကြာခဏစစ်ဆေးတယ်။ ထုတ်ကုန်တွေမှာ ရက်စွဲထည့်ဖို့နဲ့ စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေရဲ့ ထုတ်လုပ်မှုပုံစံတွေကို ဈေးသည်တွေကိုရှင်းပြတယ်။ သေချာစစ်ဆေးပြီး ဝယ်ရောင်းဖို့ အသိပေးတယ်။ ထုတ်လုပ်တဲ့မုန့်တွေ၊ အစားအသောက်တွေမှာ ရက်စွဲထည့်ဖို့ပြောတယ်။ သုံးကြိမ်မြောက်စစ် ဆေးတွေ့ရှိလို့ သတ်မှတ်ထားတာတွေမလုပ်ထားရင် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို တွေ့ရှိချက်တင် ပြပြီး ထုတ်လုပ်မှုလိုင်စင်ခေတ္တပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်”ဟု ကသာခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အုန်းက ပြောသည်။

ဈေးများအတွင်း စားသုံးရန်မသင့်သော လူသုံးကုန်နှင့် စားသုံးကုန်များ လျော့နည်းသွားစေရန် အောက်တိုဘာ ၁၇၊ ၁၈နှင့် ၁၉ ရက်များတွင်လည်း ကသာခရိုင်အတွင်းရှိ ဗန်းမောက်မြို့ဈေးနှင့် မံစီကြီးကျေးရွာအထက်တန်း ကျောင်းတွင် ဟောပြောပွဲနှင့် ရှောင်တခင်စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply