ကာကွယ်ဆေးဆိုသည်မှာ

ရောဂါကာကွယ်ဆေးဆိုသည်မှာ ရောဂါဖြစ်ပွားစေသော ရောဂါပိုး၏အန္တရာယ်ဖြစ်စေသော အစိတ်အပိုင်းကိုဖယ်ရှားကာ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံအားစနစ်မှ ခံနိုင်ရည်ရှိသောပဋိဇီဝဓာတ်များထုတ်ပေးခြင်းကို ဆိုလိုသည်။

ရောဂါပိုးများတွင် အထူးသဖြင့် ဗိုင်းရပ်စ်ပိုး (virus) များသည် အခြားရောဂါပိုးများထက် ကာကွယ်နိုင်သည်။ ဘက်တီးရီးယားများအတွက် ပိုးသတ်ဆေးများ ပေါ်ပေါက်လာချိန်တွင် လူသားတို့သည် ဗိုင်းရပ်စ်ပိုးများအတွက် ဆေးဝါးများကို ရှာဖွေရာမှ ယခုကဲ့သို့ ကာကွယ်ဆေးများ ပေါ်ပေါက်လာသည်။

ကာကွယ်ဆေးသည် အများအားဖြင့် နှစ်မျိုးခွဲခြားထားသည်။ ရေတိုကာကွယ်ဆေးနှင့် ရေရှည်ကာကွယ်ဆေးဖြစ်သည်။ အချို့သော ဗိုင်းရပ်စ်ပိုးများသည်ပုံစံအမျိုးမျိုးပြောင်းလဲတတ်ကြသည်။ နှစ်နှစ် တစ်ခါခန့်အကောင်တွင်ပါသော ဖွဲ့စည်းပုံကို ပြောင်းလဲတတ်ကြသည်။ ဥပမာ ယခုရာသီတွင်အဖြစ်များသောရာသီပေါ်တုပ်ကွေးရောဂါပိုးများဖြစ်သည်။ ထိုရောဂါပိုးသည် ယခုနှစ်ဖြစ်သော အကောင်နှင့် ယမန်နှစ်ဖြစ်သော အကောင်အမျိုးအစားတူသော်လည်းဖွဲ့စည်းပုံချင်းမတူချေ။

ထိုကြောင့် ရာသီတုပ်ကွေးရောဂါပိုးအတွက် ကာကွယ်ဆေးကို နှစ်တိုင်းအကောင်အမျိုးအစားအလိုက်ထိုးသင့်သည်။ ဤကား ရေတိုကာကွယ်ဆေးအကြောင်းဖြစ်သည်။ရေရှည်ကာကွယ်ဆေးအမျိုးအစားများမှာ တစ်ခါထိုးပြီးလျှင် တစ်သက်တာလုံးအတွက် ဖူလုံသွားသောဆေးဖြစ်သည်။

ဥပမာ- အသည်းရောင်အသည်းဝါ ဘီ ကာကွယ်ဆေးမျိုးဖြစ်သည်။ ထိုဆေးသည် သတ်မှတ်ထားသော အကြိမ်အရေအတွက် ထိုးပြီးသောအခါတွင် ထွက်ရှိလာသောခံနိုင်ရည်အားသည် တစ်သက်တာလုံးအတွက်ဖြစ်သည်။

အချို့သော ဗိုင်းရပ်စ်ရောဂါပိုးများသည် တစ်ခါရောဂါလက္ခဏာခံစားဖူးပြီးလျှင် ထွက်ပေါ်လာသောကိုယ်ခံအားသည် တစ်သက်စာလုံးအတွက် ဖူလုံသည်။ ဥပမာ ဝက်သက်နှင့် ရေခြောက်ရောဂါကဲ့သို့သော ရောဂါများဖြစ်သည်။

ဝက်သက်ရောဂါသည် ဘဝတွင်တစ်ကြိမ်သာ ဖြစ်ဖူးသောရောဂါအမျိုးအစားဖြစ်သည်။ ထိုမှထွက်လာသောကိုယ်ခံအားသည် ဘဝတစ်သက်တာကိုယ်ခံအား (life long imm-unity) ဖြစ်သည်။ အချို့သော ရောဂါပိုးများသည် ကာကွယ်ဆေးမပေါ်သေးချေ။

အကြောင်းရင်းမှာ မျိုးကွဲများစွာရှိခြင်းနှင့် ပုံစံမျိုးစုံကိုအပြောင်းအလဲမြန်သော မျိုးရိုးဗီဇရှိသောကြောင့် ဖြစ်သည်။ ဥပမာ – သွေးလွန်တုပ်ကွေးရောဂါပိုးများဖြစ်သည်။ ထိုဗိုင်းရပ်စ်သည် အမျိုးအစားလေးမျိုးဖြစ်ကာ တစ်ကြိမ်နှင့်တစ်ကြိမ် ဖြစ်ပွားသောအကောင်အမျိုးအစား မတူညီချေ။ထ့ိုကြောင့်သွေးလွန်တုပ်ကွေးဖြစ်ဖူးသောကလေးများ နောက်တစ်ကြိမ် သွေးလွန်တုပ်ကွေးဖြစ်လျှင် စိုးရိမ်ရသော အန္တရာယ်ရှိသောအခြေအနေတွင်ရှိသည်။ ထ့ိုပြင် ကာကွယ်ဆေးသည်လည်း စမ်းသပ်နေသည့်အဆင့်တွင်ရှိသောကြောင့် အဓိကမှာခြင်မကိုက်ခံရစေရန်ဖြစ်သည်။

“ကာကွယ်ဆေးသည် ကုသရေးထက် ပိုမိုထိရောက်သည်” ဟူသောစကားသည် မှန်သော်လည်း အချို့အရာများသည် အမျိုးအစားအလိုက်ကွဲပြားတတ်သည်။ ယခုကဲ့သို့ တုပ်ကွေးရာသီတွင် မိခင်များသည် သားသမီးများအတွက် ကာကွယ်ဆေးများထိုးတတ်သည်။

သို့သော် ထိုတုပ်ကွေး ကာကွယ်ဆေးများသည် ဖြစ်နိုင်သောအကောင်များကို မှန်းဆကာ တွက်ချက်ထားသောဆေးဖြစ်သည်။ ထိုကြောင့်တစ်ခါတစ်ရံ အချို့အကောင်များကို မကာကွယ်နိုင်ချေ။ ထ့ိုပြင် တစ်နှစ်တစ်ခါပြောင်းတတ်သောကြောင့် နှစ်တိုင်းထိုးသင့်သည်။

ယခုအခါတွင် ကျန်းမာရေးဝန်ကြီးဌာနမှလည်း ပြည်သူများအတွက် သင့်လျှော်သော ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးနေပြီဖြစ်သည်။ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် သင့်လျှော်သော ကာကွယ်ဆေးများ ထိုးကာ ရောဂါများကို ကာကွယ်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးပါရစေ၊။ ။

ဒေါက်ဦး (မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.