ကာကွယ်နိုင်သော သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများတွင်အဖြစ်များဆုံးသောရောဂါတစ်မျိုးဖြစ်သည်။ ကာကွယ်၍ရနိုင်သောကင်ဆာတစ်မျိုးလည်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကင်ဆာကာကွယ်ဆေးထိုး၍ရသော ကင်ဆာတစ်မျိုးလည်းဖြစ်သည်။

သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးအင်္ဂါထိပ်တွင်ဖြစ်သောကြွက်နို့(vaginal warts) ဟုခေါ်သောရောဂါမှအစပြုသည်။ ထိုအမျိုးသမီးကြွက်နို့ဟုခေါ်သော ရောဂါသည် အင်္ဂါနားတွင် အသားလုံးအဖုအသေးများပေါ်လာခြင်းကိုဆိုလိုသည်။ ကြွက်နို့ရောဂါသည် အမျိုးသားအမျိုးသမီးမရွေးဖြစ်တတ်သောရောဂါဖြစ်သည်။ Human Papaloma Virus (HPV ) ကြောင့်ဖြစ်သည်။

လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ်၍ လိင်အပျော်အပါးလိုက်စားသောသူများတွင်အဖြစ်များသည်။ အမျိုးသားများတွင်လည်းဖြစ်တတ်သည်။

သို့သော်အမျိုးသားများတွင်ဖြစ်သောကြွက်နို့သည် ထင်ရှားသောအခါတွင် ဆေးဖြင့်ကုသ၍ရသည်။
ကြွက်နို့များသောအခါတွင် Cauterization ဟုခေါ်သော လျှပ်စစ်ဓာတ်ဖြင့်စားစေခြင်းဖြင့်လည်း ကုသနိုင်သည်။ ထို့ကြောင့်အမျိုးသားတွင်ကင်ဆာရောဂါအဖြစ်သို့ပြောင်းလဲနိုင်ခြေနည်းသည်။

အမျိုးသမီးတွင်ဖြစ်သော ကြွက်နို့သည် သားအိမ်ခေါင်းတွင်ဖြစ်သောကြောင့် သာမန်ကြည့်လျှင်မမြင်နိုင်ပေ။ မျိုးပွားအင်္ဂါလမ်းကြောင်းအတွင်းသို့ spectulum ဟုခေါ်သော ပြောင်းတစ်မျိုးထည့်၍ကြည့်မှသာမြင်နိုင်သည်။ ထ့ိုပြင် ကြွက်နို့သည် သာမန်အခြေအနေတွင်ရောဂါလက္ခဏာမပြတတ်ချေ။ ဆိုးဝါးသောအခါတွင်မှသိသောကြောင့် အမျိုးသမီးအများစုတွင် ကင်ဆာအဆင့်ကိုပြောင်းမှသာသိကြသည်။

သားအိမ်ခေါင်းကင်ဆာသည်ထိုကြွက်နို့မှတစ်ဆင့်ပြောင်းလဲသော ရောဂါအခြေအနေဖြစ်သည်။ ယားယံခြင်း၊ အဖြူဆင်းခြင်း၊ အပုပ်နံ့ထွက်သောအရည်ကြည်များဆင်းခြင်းနှင့် သွေးခဏခဏဆင်းခြင်းတို့ဖြစ်သည်။

ထ့ိုပြင် လိင်မှတစ်ဆင့်ကူးစက်သောအခါတွင် ဆက်ဆံဖက်အမျိုးသားမှတစ်ဆင့်ကူးစက်နိုင်သကဲ့သို့ မိမိဆီမှလည်း အမျိုးသားဆီသို့ကူးစက်နိုင်သည်။ ထို့ကြောင့်ပင် အမျိုးသမီးများအနေဖြင့် လိင်အင်္ဂါပတ်လည်တွင်အလုံးလေးများထွက်ခြင်း၊ နံသောအရည်များဆင်းခြင်းကိုအထူးသတိပြုသင့်သည်။

 

ကြွက်နို့သည် အမျိုးသားအမျိုးသမီးများတွင်ဖြစ်တတ်၍ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည်။ တစ်ကြိမ်ကုသပြီး၍ ပျောက်ကင်းတတ်သော်လည်း ဗိုင်းရပ်စ်ပိုး၏သဘောသဘာဝအရ ခန္ဓာကိုယ်ထဲတွင်နေထိုင်နိုင်သည်။

ထို့ကြောင့်အခန့်မသင့်လျှင်ပြန်လည်ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့်သတိပြုသင့်သည်။
သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်နိုင်သောကင်ဆာရောဂါဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးသည် ယခုအခါကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သည်။

အပျိုဖော်ဝင်စအမျိုးသမီးတိုင်းထိုးသင့်သည်။ HPV virus သည် လိင်မှတစ်ဆင့်ကူးစက်တတ်သောကြောင့် လိင်မဆက်ဆံရဖူးသောအမျိုးသမီးတိုင်းသည် ကာကွယ်ဆေးကိုထိုးထားသင့်သည်။ ထိုအခါတွင် ကြွက်နို့အပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါအများစုကိုကာကွယ်နိုင်သည်။

အရွယ်ရောက်သောအမျိုးသမီးများအနေဖြင့် မိမိ၏ဓမ္မတာကိုသတိထားသင့်သည်။ မူမမှန်သွေးဆင်းခြင်း၊ အနံ့နံသောအရည်ကြည်များဆင်းခြင်းနှင့် အဖြူဆင်းခြင်းတို့ကိုသတိထားသင့်သည်။ ထို့ပြင်လိင်အင်္ဂါတဝိုက်တွင်အလုံးအဖုများကိုသတိထားသင့်သည်။

မိမိ၏အိမ်ထောင်ဖက်ကိုလည်း အပျော်အပါးမလိုက်စားစေရန် ပြုစုသင့်သည်။ ထို့ပြင် HPV vaccine ဟုခေါ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကိုလည်းထိုးသင့်သည်။ ထို့ပြင်သန့်ရှင်းလတ်ဆတ်သောအစားအသောက်ပုံစံကိုစားသုံးသင့်သည်။

သားအိမ်ခေါင်းကင်ဆာသည်အဖြစ်များသကဲ့သို့ ကာကွယ်နိုင်သောရောဂါဖြစ်သောကြောင့် အမျိုးသမီးများအနေဖြင့်ကာကွယ်နိုင်ကြပါစေကြောင်း ထပ်လောင်း၍ အသိပေးပါရစေ။

ဒေါက်ဦး(မွန်)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.