Advertisements

ထိုင်းနိုင်ငံ ဘန်ကောက်တွင် အမျိုးသမီးတစ်ဦးသည် တက္ကစီ စီးရင်း မိတ်ကပ်ပြင်လာရာ ၎င်းစီးလာသော တက္ကစီသည် အသေးစား ယာဉ်တိုက်မှုဖြစ်သည်တွင် မျက်ခုံးမွှေဆွဲတံကလေးမှာ မျက်လုံးအိမ်ထဲသို့ စိုက်ဝင်သွားသဖြင့် ဆေးရုံသို့ ပို့ခဲ့ရကြောင်း သိရသည်။

သူငယ်ချင်းများနှင့်တွေ့ရန် တက္ကစီ စီးလာခြင်းဖြစ်ပြီး ၎င်းစီးလာသည့် တက္ကစီသည် မီးပွိုင့်မိစဉ် အခြားယာဉ်နှင့် တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။

တက္ကစီက ရှေ့တွင်ရှိသည့် အဖြူရောင် ပစ်ကပ်ကားကို ဝင်တိုက်မိသည့်အခါ အသက် ၂၀ ဝန်းကျင် ထိုအမျိုးသမီးလည်း ရှေ့က ခုံနှင့် ဝင်ဆောင့်မိခြင်းဖြစ်သည်။

ကံကောင်းသည်မှာ မျက်လုံးကို မထိသွားသဖြင့် အမြင်အာရုံကိုတော့ ထိခိုက်မည်မဟုတ်ပေ။

ယာဉ်တိုက်မှုမှာ အသေးစားဖြစ်သော်လည်း မျက်ခုံးမွှေးတံမှာမူ တစ်ဝက်လောက် စိုက်ဝင်သွားခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်း သနဘိုဒီ ဆက်ဘိုဒီက ပြောသည်။

“ဘန်ကောက်မြို့ ဒင်ဒန်းမှာ ၅ နာရီ ၂၀ လောက်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တယ်။ ကားပေါ်မှာ ပါတဲ့ အမျိုးသမီးက မိတ်ကပ်လိမ်းလာတာ။ ကျွန်တော်တို့ကို ဖုန်းဆက်ခေါ်လို့ ရောက်သွားတဲ့အခါမှာ အမျိုးသမီးရဲ့ ဘက်ဘက် မျက်လုံးအိမ်ထဲမှာ မျက်ခုံးမွှေးဆွဲတံ တစ်ဝက်လောက် စိုက်ဝင်နေတာ တွေ့ရတယ်။ သူတော်တော် နာကျင်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ စကားပြောနိုင်သေးတယ်။ ဘာဖြစ်လဲဆိုတာကို ကျွန်တော်တို့ကို ရှင်းပြနိုင်သေးတယ်။ သွေးတွေ အများကြီးထွက်နေတာတော့ မရှိဘူး။ နှာခေါင်းက နည်းနည်း သွေးထွက်နေတာပဲရှိတယ်”ဟု သူက ပြောသည်။

ထိုမိန်းကလေးကို ဆေးရုံသို့ ခေါ်လာသည့်အချိန်တွင် သတိမေ့နေခြင်းမရှိခဲ့ပေ။

“ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆရာဝန်တွေက အကောင်းဆုံး ကြိုးစားပြီးတော့ ဒဏ်ရာရတဲ့ မိန်းကလေးကို ကူညီပေးခဲ့တယ်။ ကားက မောင်းနေတာဆိုရင် ကားပေါ်မှာ မိတ်ကပ်လိမ်းတာတွေမလုပ်ဖို့ သတိပေးသင့်တယ်။ ဒါက အတော်ကို ထူးဆန်းတဲ့ မတော်တဆမှုပဲ။ ဘယ်သူမှာလည်း ထင်မထားဘူး” ဟု သနဘိုဒီက ပြောသည်။

Source: Metro

Advertisements
<

Leave a Reply