Advertisements

ကားမောင်းနေရင်း ဖုန်းသုံးသူများကို သိရှိနိုင်သည့် လမ်းညွှန်ဆိုင်းဘုတ် အသစ်ကို ယူကေတွင် စမ်းသပ်နေကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်များသည် ကားထဲတွင် ဖုန်းပြောနေသည်ဖြစ်စေ၊ မက်ဆေ့ပို့နေသည်ဖြစ်စေ၊ အင်တာနက်သုံးနေသည်ဖြစ်စေ ဟန်းဆက်မှ ထုတ်လွှတ်သော ဒီဂျစ်တယ် အချက်ပြမှုများကို သိရှိနိုင်မည်ဖြစ်သည်။

ထို့နောက် ကားမောင်းရင်း ဖုန်းမသုံးရန် သတိပေးသည့် သင်္ကေတကို ဆိုင်းဘုတ်တွင် ဖော်ပြပေးမည်ဖြစ်သည်။

အဆိုပါ နည်းပညာသစ်ကို နော်ဝစ်ချ်တွင် စမ်းသပ်နေဆဲဖြစ်ကာ အောင်မြင်သွားပါက တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက် သွားမည်ဖြစ်သည်။

ယင်းအီလက်ထရောနစ်ဆိုင်းဘုတ်များသည် တစ်ခုလျှင် ပေါင် ၆၀၀၀ ကုန်ကျပြီး ယူကေတွင် ပထမဆုံးအကြိမ် စမ်းသပ်လျက်ရှိသည်။

ဤနည်းပညာကို နော့ဖော့ခ် ကောင်တီ လမ်းဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့နှင့် မော်တော်ယာဉ် အချက်ပြမှု နည်းပညာကုမ္ပဏီ ဝက်စ်ကိုတက်တို့ ပူးပေါင်း ဖန်တီးခြင်းဖြစ်သည်။

ဆိုင်းဘုတ်များအနေဖြင့် ဖုန်းသုံးနေသူမှာ ကားမောင်းသူဖြစ်သလား၊ ကားပေါ်တွင် လိုက်ပါလာသူဖြစ်လား ဆိုသည်ကို ခွဲခြား မဖော်ပြနိုင်သော်လည်း ကားမောင်းရင်း ဖုန်းသုံးခြင်း၏ အန္တရာယ်များပုံကို သတိပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါနည်းပညာသည် ကားလိုင်စင်နံပါတ်ကို မှတ်တမ်းတင်နိုင်ခြင်း၊ ဒဏ်ကြေးဖြတ်ပေးနိုင်ခြင်း မရှိသေးသော်လည်း အချက်အလက်များကိုမူ ရဲတပ်ဖွဲ့ထံ ပေးပို့ကာ နောင်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေနိုင်သည်။

‘ဒီနည်းပညာရဲ့ ရည်ရွယ်ချက်က ယာဉ်မောင်းသူတွေကို ဥပဒေအကြောင်း အသိပေးဖို့နဲ့ ကားမောင်းရင်း ဖုန်းတွေ မသုံးဖို့ ရည်ရွယ်ပါတယ်’ ဟု ဝက်စ်ကိုတက်၏ အရောင်းနှင့် မားကက်တင်း အဖွဲ့မှ ခရစ်စပစ်စ်က ပြောသည်။

ယူကေတွင် ကားမောင်းရင်း ဖုန်းသုံးခြင်းကို ဥပဒေဖြင့် တားမြစ်ထားပြီး ဖုန်းသုံးပါက ပေါင်း ၂၀၀ ဒဏ်ရိုက်ခံရမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မှ အမှတ် ၆ မှတ် လျှော့ခံရမည်ဖြစ်သည်။

Source: Metro

Advertisements
<

Leave a Reply