ထားဝယ်၊ ဩဂုတ် ၁

ကိုကိုးကျွန်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ပြည်သူ့သူရဲကောင်း(၈)ဦးအား ဂါရဝပြုခြင်းအခမ်းအနား ကို ဇူလိုင်လ ၃၁ ရက် နေ့က ထားဝယ်မြို့ တွင်ကျင်းပပြုလုပ်ခဲ့သည်။

ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားများ၏ရန်သူသည်လူမဟုတ်ဘဲ့ စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း ကိုကိုးကျွန် းပြန်နိုင် ငံရေးသမားဦးဖြစ်သူ လှိုင်တင်က အဆိုပါ အခမ်းအနား တွင် ပြောကြား သည်။

“အဲဒါ နဲ့နဲ့ခွဲခွဲခြားခြား ကျွန်တော်ပြောချင်တယ်၊ လူနဲ့ မူ ခွဲတတ်ဖို့လိုပါတယ်”ဟု ဦးလှိုင်တင် ကဆို သည်။

လက်ရှိအချိန်တွင်လည်း စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းရေး အတွက် မျိုးဆက် အသီးသီးက တိုက်ပွဲ ဝင်နေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

တိုက်ပွဲသည် မိမိတို့ နိုင်ငံမြေပေါ်မှ စစ်အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းသွားရေးနှင့် ဒီမိုကရေစီအခွင့်အရေးကို လိုချင်သည်ဆိုသည့် တိုက်ပွဲဖြစ်ကြောင်း နိုင်ငံ ရေးသမားများက ဆိုသည်။

စစ်အာဏာရှင်စနစ်နှင့်ဒီမိုကရေစနစ်အကြားတိုက်ပွဲဝင်သူများကလက်နက်ကိုင်တိုက်ခြင်း၊ကဗျာရေးခြင်း၊ ဟောပြောခြင်း စသဖြင့် မိမိနိုင်သည့်ဘက်မှ ရန်သူဖက်တွင်မရပ်ဘဲ့ ဒီမိုကရေစီဖက်တွင်ရပ်ပြီ်း လုပ်နေသူ အားလုံးကို မိမိတို့မိတ်ဆွေဟု သဘောထားကြောင်း ဦးလှိုင်တင်က ပြောသည်။

၁၉၆၂ခု၊မတ်လ၂ရက်နေ့တွင် စစ်အာဏာသိမ်းချိန်မှအစ ၇ ရက်ဇူလိုင်တွင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော်လည်း ၆၂ မျိုးဆက်တို့သည် ကြောက်ရွံ့ နောက်တွန့် အရှုံးမပေးခဲ့ကြ နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ခဲ့ ကြသည်ဟု အထက်ပါအခမ်းအနားတွင် ကိုကိုးကျွန်းပြန်နိုင်ငံရေးလှုပ်ရှားမှုအင်အားစု၏ထုတ်ပြန်ကြေငြာ ချက်တွင် ရေးသားထားသည်။

အချို့တောတွင်းလက်နက်ကိုင်တိုက်ပွဲ၊ တချို့မြေအောက်၊ တချို့အဖမ်းခံ၊ တချို့က တသက်ကျွန်းကျနှင့် မည် သည့်စစ်မျက်နှာမဆို အနိုင်မခံ အရှုံးမပေးတိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။

၁၉၆၂မျိုးဆက်ကိုကိုးကျွန်းပြန်တို့သည့်မည်သည့်အခါမျှစစ်အာဏာရှင်စနစ်နှင့်ယနေ့အတိုင်ပူးပေါင်းခြင်း၊ ရောစပ်ခြင်းမရှိခဲ့ကြသည့်အပြင် ယနေ့အတိုင် အာဏာရှင်စနစ်ကို မျိုးဆက်ပေါင်းမြောက်များစွာနှင့်ဆက် လက်တိုက်ပွဲဝင်လျက်ရှိသည်ဟု ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမျိုးဆက်ဟောင်းအသစ်တို့သည် စစ်အာဏာရှင်စနစ် လုံးဝလုံးဝချုပ်ငြိမ်းရေး နှင့် မြန်မာ့မြေပေါ်တွင် ဘယ်သောအခါမျှ ပြန်လည်မပေါ်ပေါက်လာနိုင်စေရန် သတိကြီးစွာဖြင့် စည်းလုံးညီ ညွတ်မှုကိုရယူကြပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရဦးမည်ဖြစ်ကြောင်းကိုကိုးကျွန်းပြန်နိုင်ငံရေးလှုပ်ရှားမှု အင်အားစုမှ အသိပေးထားသည်။

ကိုကိုးကျွန်းတိုက်ပွဲအတွင်းကျဆုံးသွားသော ပြည်သူ့သူရဲကောင်း(၈)ဦးအား ဂါရဝပြုခြင်းအခမ်းအနားသို့ ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားဖြစ်သည့်ဦးလှိုင်တင်နှင့်အတူဦးမြအေးနှင့်ဦးသိန်းထွန်းတို့လည်းတက်ရောက် ကိုကိုးကျွန်းတိုက်ပွဲနှင့်ဆက်စပ်သည့် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယလွှတ်တော်ဥက္ကဌ၊ နိုင်ငံရေးသ မားများနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းမှကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၅၀၀န်းကျင်တက်ရောက်ခဲ့ သည်ဟု သိရသည်။

တင့်လွင်

Leave a Reply