Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်၏ အဓိက ထွက်ကုန်ဖြစ်သော ရော်ဘာဈေးနှုန်း ဆက်တိုက် ကျဆင်းလာမှုကြောင့် ရော်ဘာပင်အို၊ ပင်ဟောင်းများကို ခုတ်လှဲ၍ အရည်အသွေးကောင်းသည့် ကိုင်းဆက်ပျိုးပင်ကိုသာ စိုက်ပျိုးကြရန် မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင် အသင်းက ရော်ဘာစိုက်တောင်သူများကို တိုက်တွန်းလိုက်သည်။

“ကိုင်းဆက်အပင်တွေကျတော့ အထွက်နှုန်းလည်းများတယ်၊ ရော်ဘာထွက်ရှိနှုန်းက သုံးဆလောက်ကွာတယ်၊ အဲတော့ ကျွန်တော်တို့ ပြောင်းလဲစိုက်ပျိုးသင့်နေပြီ”ဟု မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်များအသင်း ဥက္ကဌ နိုင်ကျန်ရစ်က ဆိုသည်။

Advertisements
data-language="en"

အသင်းအနေဖြင့် ရော်ဘာကိုင်းဆက် ပျိုးပင် အပါအဝင် စိုက်ပျိုးမှု နည်းပညာ၊ ကျွမ်းကျင် ရော်ဘာ လုပ်သား ရရှိရေးအတွက် အရည်အသွေးမြှင့် တင်ရေး သင်တန်းများကို လုပ်ဆောင်း ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရော်ဘာအရည်အသွေး ပြည်မီမှုသည့် ရော်ဘာလုပ်သားများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့်လည်း သက်ဆိုင်မှုရှိကြောင်း ရော်ဘာစိုက်တောင်သူ ဦးကျော်မိုးက ပြောသည်။

“ရော်ဘာခြစ်တာက လွယ်တဲ့လုပ်မဟုတ်တော့ ခြစ်တဲ့အလုပ်သမားရဲ့ ကျွမ်းကျင်မှုနဲ့လည်း ဆိုင်တယ်၊ ကျွမ်းကျင်မှုမရှိရင် အပင်လည်းနာတယ်၊အစေးကလည်း ကောင်းမှာမဟုတ်ဘူး၊ ထောက်ပံ့ပေးနိုင်ရင် ကိုင်းဆက်ပျိုးပင်တွေ စိုက်ချင်တာပေါ့”ဟု ၎င်းက ပြောသည်။

အရည်အချင်းမြင့် သင်တန်း၊ ရော်ဘာကိုင်းဆက်ပျိုးပင် ထောက်ပံ့မှုများကို မြို့နယ်၊ ကျေးရွာအလိုက် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ပါက ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

လက်ရှိရော်ဘာဈေးနှုန်းသည် အကောင်းဆုံး RSS-3 တစ်ပေါင်လျှင် ၇၆ဝ ကျပ်၊ မြန်မာ RSS-3 တစ်ပေါင်လျှင် ၆၈ဝ ကျပ်နှင့် CSO တစ်ပေါင်လျှင် ၇ဝဝ ကျပ် ရှိနေပြီး ယခင်နှစ်တွင် ရာဘာပေါက်ဈေးသည် တစ်ပေါင်လျှင် ၉ဝဝ ကျပ်မှ ၁,ဝဝဝ ကျပ်ထိ ရှိခဲ့သည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧကပေါင်း ငါး သိန်း ကျော်ရှိနေပြီး ထိုမှ ထွက်ရှိသော ရော်ဘာကုန်ကြမ်းကို တရုတ်နိုင်ငံမှ အဓိကထား ဝယ်ယူလျက်ရှိသည်။

Written by ထိုက်ထိုက်

Leave a Reply