မော်လမြိုင်၊ မတ် ၁၁ ။ ။ တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးခဲ့သော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် အမှုသည် တစ်နှစ်ကျော် ကြာသည်ထိ တရားစွဲဆိုခွင့် မရသေးကြောင်း ကိုပါကြီး ဇနီး၏ ကိုယ်စားလှယ်များထံမှ သိရသည်။

“တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အရ သမားရိုးကျ သေဆုံးခြင်းမဟုတ်တဲ့အတွက် အမှုဖွင့်ပေးရမယ်၊ ဖွင့်ပေးဖို့လည်း ကျွန်တော်တို့ တောင်းဆိုတယ်၊ရဲစခန်းက ထုတ်ပြန်ချက်တွေလည်းမရသေးတော့ တရားစွဲခွင့် ဘယ်အချိန် ကျလာမယ်ဆိုတာ မသိသေးဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုကို အကြောင်းကြားပေးရမယ်လို့ မှာခဲ့တယ်” ဟု ဒေါ်သန္တာ၏ ကိုယ်စားလာရောက်မေးမြန်းသူ ဦးစန်းကိိုကိုဦးက ပြောကြားသည်။
logo-copy
ဒေါ်သန္တာ၏ ကိ်ုယ်စားလှယ်များက မတ် လ ၁၁ ရက်နေ့တွင် ကျိုက်မရောမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ဥပဒေအကြံပေးရုံးသို့ သွားရောက် စုံးစမ်းမေးမြန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက အထက်ညွှန်ကြားချက် ရမှသာလျှင် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဟင်္သာမီဒီယာက ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားနိုင်ခြင်းမရှိသေးကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦး က ဖြေကြားသည်။

တပ်မတော်တပ်ဖွဲ့နှင့် ကလို့ထူးဘော စစ်ဗျူဟာတပ် (DKBA) စောဝင်းဇော်တပ်ဖွဲ့တို့သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပြီးနောက် ကိုပါကြီးသည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် တပ်မ တော်က မသင်္ကာဖွယ်ဖြစ်၍ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄ ရက်က သေဆုံးခဲ့သည်။

Written by – သားကြီး

Leave a Reply