Advertisements

မော်လမြိုင် ၊ အောက်တိုဘာ ၄

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုမှာ ငါးနှစ်ကြာမြင့် သည့်အချိန်ထိ တရားမျှတမှုမရသေးကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ က အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။

တပ်မတော်သားများက အရပ်သားများ အပေါ် ပြစ်မှုကျူးလွန်သည့် ဖြစ်စဉ်များကို အရပ်ဖက်တရားရုံးတွင် စစ်ဆေးအရေးယူနိုင်ရန် ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ ကို ပြင်ဆင်သင့်ကြောင်း ယင်း ကော်မရှင် က အစိုးရကို တောင်းဆိုလိုက်သည်။

Advertisements
data-language="en"

၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေများအရ တပ်မတော်သားများကို စစ်ခုံရုံးကို လွှဲပြောင်းစစ်ဆေး စီရင်ချက်ချနေ ခြင်းသည်။

၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို ပြင်ဆင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ က အစိုးရကို တောင်းဆိုလိုက်ပါတယ်။ တပ်မတော်သားများ လူအခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်သောအခါတွင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပြုလိုက်သကဲ့သို့ဖြစ်နေကြောင်း ICJ ကထောက်ပြထားသည်။

အထူးသဖြင့် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သော အလွတ်သတင်း ထောက်ကိုပါကြီး အသတ်ခံရမှု နှင့်ပတ်သက်ပြီး တပ်မတော် စစ်ခုံရုံး တွင်စစ်ဆေးခဲ့ရာ ယင်းကိစ္စမှာ ပါဝင်ပတ်သက်ခဲ့သော တပ်မတော်သားများအားလုံး အမှုက တရားသေလွတ်မြောက်နေကြောင်း စုံစမ်းသည်ရှိရသည် ဟု ICJ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး လွတ်မြောက်နေသော သူများ ကို အရေးယူနိုင်ရန်ကျိုက်မရော မြို့နယ်တရားရုံးတွင် သေမှုသေခင်းဖွင့်စစ်ဆေးပေးရန် လျောက်ထား ရာတွင် ပယ်ချခံထားရသည့်အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးဆောင်ရွက်သင့်ကြောင်း အကြံပြုချက်ကိုလည်း လျစ်လျူရှုခံခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ကိုပါကြီး အသတ်ခံ ရမှုမှာ ငါးနှစ်ထိ ကြာမြင့် နေပြီ ဖြစ်သောကြောင့်အစိုးရ အနေနှင့် တရားမျှတ ရေးရှိစေရန်ဆောင် ရွက် အစိုးရ အနေနှင့် ဆောင်ရွက်ပေးသင့်ကြောင်း ICJ ဥပဒေ အကြံပေး ရှောင်ဘိန်းက ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

ဟင်္သာမီဒီယာ

Leave a Reply