ကိုယ့်လူများနှင့် အဆဲပြိုင်ပွဲ

ကြက်ဆူတောရွာသားများကြား အရှင်သန်ဆုံး အတိုးတက်ဆုံး အဖွံ့ဖြိုးဆုံးအခြေအနေကို ပြပါဆို လျင် ဂန္တဝင်မြောက် ရသမြောက်ဆဲဆိုတတ်ခြင်းကို ဖော်ပြရပေလိမ့်မည်။ ကြက်ဆူတောရွာသားများကား ခေသူများမဟုတ်ကြချေ။ တစ်ယောက်ထဲနေလျင် ဖေ့စဘုတ်ကြည့်၍ အဆဲကျင့်ကြသည်။တစ်မျိုးတည်းကို မရိုးရအောင် အသံကွဲ အဆင်တူဖြစ်အောင် ဆဲဆိုကြသည်။ ကြက်ဆူတောသားနှစ်ယောက်ဖြစ်လာလျင် ပြ ဿနာကို ဘက်ထရီမီးထွန်း၍ လိုုက်ရှာတတ်ကြသည်။ အဲ သုံးယောက်ဖြစ်လာလျင်တော့ သုံးစုကွဲပြီး သတ်ပွဲတွေထိ ဖြစ်သွားနိုင်ကြသည်။ ဒီထက်ပိုလာလျင်တော့ စဉ်းစားပြီး အဆင့်သာပွားကြည့်ပေတော့။ အဲ့သ လောက် ဒီပလော့မန့်ဖြစ်ချေတာ။

ခုလည်း ကြက်ဆူတောရွာ၏ တိုင်းရင်းသားပါတီတစ်ခုက နှစ်ပါတီကွဲနေသည်ကို တစ်ပါတီတည်း ဖြစ်စေရေးတွက် ညှိကြနှိုင်းကြ ဆွေးနွေးကြအပြီး နောက်ထပ်တစ်ပါတီတိုးကာ သုံးပါတီဖြစ်သွား သည်။ ဒါကိုထောက်ခံကြိုဆိုသောအားဖြင့် အမှိုက်ရွှေဖြစ် ဗညားကွမ်းစားညီညီလွင်ကကောင်းချီးပေး လေ၏။

“ အစကတည်းက သောက်သုံးမှမကျတာ၊ တစ်ပါတီတည်းရှိရာကနေ ပါတီတွင်း သဘောထားညှိနှိုင်းကြရင်းနဲ့ နှစ်ပါတီဖြစ်သွားတယ်၊ ခု နှစ်ပါတီညီညွတ်ရေးတွက်၊ ဆွေးနွေးညှိနှိုင်းကြရင်း သုံးပါတီဖြစ်လာ တယ်။ နောက်ထပ်ညှိရင် ထပ်ကွဲမယ်၊ ပြောတော့ဖြင့် အားလုံးတစ်စည်းတစ်လုံးတည်းဖြစ်စေရေးဘာညာနဲ့ လုပ်လိုက်တော့သောက်တစ်လွဲ၊ ကိုုယ့်တိုင်းရင်းသားအရေးစိတ်ဝင်စားသူမှန်သမျှ ဆွဲစုရမယ့်အစား အား လုံးပြန့်ကျဲသွားအောင် တံမြက်စည်းနဲ့လှည်းထုတ်နေတယ်၊ နောက်ဆုံးတော့ ဆင်နင်းခံရတဲ့ မုဆိုးမရဲ့ မြေ အိုးဆွေးဖြစ်တော့မယ်” ဗညားကွမ်းစားကို အာလောသန်းထိုက်နှင့် ရိုက်စားမင်းသက်ခိုင်က ထောက်ခံကြလေသည်။

နောက်ထပ်ကြက်ဆူတောရွာ၏ ရိုးရာအဆဲဆိုပညာရှင်ကား မင်းဝင်းလှဖြစ်ချေသည်။ မင်းဝင်းလှ သည်လည်း ခေသူမဟုတ်ဟုဆိုရချေမည်။ တစ်နေ့ ရွာလမ်းလျောက်နေခိုက် ခလုတ်တိုက်မိသဖြင့် အတွေး ပျက်၍ဟုဆိုကာ တိုက်မိသည့်ခဲလုံးကိုကောက်ကိုင်၍ သေသေချာချာ စေ့စေ့ကြီးစိုက်ကြည့်၍ အံကြိတ်ကာ ဆဲလေတော့သည်။

“ ငမြွေထိုးကျောက်ခဲ လာပြီးတိုက်မိရတယ်လို့ကွာ၊ ငါတက်ဖိလိုက်လို့ကတော့ အစိပ်စိပ်အမြွာမြွာ ကွဲထွက်သွားတော့မှာပဲ” ထိုနည်းတူစွာ မီဒီယာမင်းဗညားထွေးကလည်း လျော့တွက်မရသူဖြစ်ချေသည်။ သူကလည်းအမျိုး သမီးရေးဝါဒီဖြစ်သည့်အားလျော်စွာ သူ၏ဧည့်ခန်း၊ သူ့အိပ်ခန်းတို့တွင် တစ်ခေတ်တစ်ခါက ပလေးဘွိုင်မဂ္ဂ ဇင်းမှ ခေတ်စားသည့် ဓာတ်ပုံဆန်ဆန်အမျိုးသမီးပုံများကို တရိုတသေ တန်ဖိုးထားပြီးကပ်ထားလေသည်။ ထို့ကြောင့် သူ့ရှေ့တွင် အမျိုးသားရေးအကြောင်းလာရောက်၍ ဟောပြောနေသူများအား သူက
ယဉ်ကျေး ပျုငှာ စွာဆဲဆိုလေတော့သည်။

“ အမေမွေးကတည်းက ယောက်ျားအဖြစ်နဲ့မွေးလာတာကွ၊ သင်းကွပ်ထားတဲ့နွားလည်းမဟုတ်ဘူး၊ ကိုပေသန်းလည်းမဟုတ်ဘူး၊
လာပြီးအမျိုးသားရေးအကြောင်းမပြောနဲ့ ပြောတဲ့သူတွေအားလုံးထိုးဖြဲပစ် လိုက်မယ်” သူ့စကားကိုကြားရသူအပေါင်းမှာလည်း ဘာကိုထိုးဖြဲမှန်းမသိသောကြောင့် ကြောက်ကြောက်ရွံ့ရွံ့ နှင့်ပင် သူ့ရှေ့တွင် အမျိုးသားရေးအကြောင်း မပြောရဲတော့ပဲ တိတ်တိတ်ဆိတ်ဆိတ်နေလိုက်ရချေတော့၏။
ပုရောဟိတ်ဂုရု မိုးအောင်ကတော့ ကာလာဖိုဘီးယား(colour phobia) ခေါ် အရောင်ကြောက်ရော ဂါရှိသူဖြစ်သည်။ သူကားသစ်ခွပင်၊
ပန်းပင်များကြားကျင်လည်နေသူဖြစ်သောကြောင့် အနီရောင်ကိုသေ မ တတ်မုန်းပြီးအစိမ်းရောင်ကိုခင်တွယ်သူဖြစ်သည်။ စပိန်နွားသိုးရိုင်းများက အနီရောင်ကို မုန်းတီးသလိုကိုမုန်း တီးသူဖြစ်သည်။ တစ်နေ့သား မဒမ်မိုးအောင်က အနီရောင်ဝမ်းဆက်ကိုဆင်မြန်းထားသည်အား ကာလာဖို ဘီးယားဖြစ်နေသူမိုးအောင်ကဤသို့ကြိမ်းမောင်းလေ၏။

“သောက်မိန်းမကွာ ဒီသောက်ညင်ကပ်တဲ့အနီရောင်ကိုမှ ရွေးဝတ်တယ်၊ နင်တော့လားငါစိတ်ရှိ လက်ရှိလုပ်ပစ်လိုက်လို့ကတော့ အရိုးအသား တစ်စစီရှာယူရမယ်” ဘာလုပ်ပစ်မည်ကို မသိရှာသော မဒမ်မိုးသည်လည်း တစ်စစီဖြစ်သွားမည်ကိုကြောက်သောကြောင့် ကုပ်ကုပ် ကုပ်ကုပ်နှင့်အိမ်ထဲပြန်ဝင်ကာ အဝတ်ပြန်လဲရရှာလေ၏။

ထို့အတူ ကဖေးဆိုင်ပိုင်ရှင်ကလေး ကိုဂျင်မီကတော့ အစိမ်းရောင်ကိုမနှစ်သက် ထို့ကြောင့် သူ့က ဖေးဆိုင်တွင် အစိမ်းရောင်ကိုတတ်နိုင်သမျှကင်းကင်းထားသည်။ သူဆိုင်တွင်စားသောက်စရာများကိုပင် တတ်နိုင်သမျှအစိမ်းရောင်ပစ္စည်းများကို သုံးရမည်ဆိုလျှင်လည်း ထိုပစ္စည်းကိုအခြားအရောင်ရှိသည့် ကြွပ် ကြွပ်အိပ်နှင့်ထုပ်ပိုးထားလေ့ရှိသည်။ ပြီးတော့သူကအရပ်မြင့်မြင့်ထောင်ထောင်မောင်းမောင်းနှင့် အရပ်ကလေးပေသာသာခန့်မြင့်သည်။ထို့ကြောင့်စိတ်ကလည်းအထူးတိုတတ်သူဖြစ်သည်။

တစ်နေ့ သူ့ဆိုင်သို့မုန့်ပို့ရန်လာသောလူငယ်က ဆိုင်ကယ်အစိမ်းရောင်ကိုစီးလာသည်။ ဒါကိုပုဂ္ဂိုလ် ကအစာမကျေ။ သည်ကြားထဲသူ့ဆိုင်ထဲဝင်လာတော့ အစိမ်းရောင်အနွေးထည်နှင့်၊ အစိမ်းရောင်ဘောင်းဘီ ကိုဝတ်ထားသေးသည်။ သည်မှာတွင် ဆရာဂျင်ပေါက်ကွဲပြီး
မုန့်လာပို့သည့် အရပ်အမြင့်ခြောက်ပေခန့်ရှိလူ ငယ်အား စွတ်ကြိမ်းတော့သည်။ “မင်းက ဘာအချိုးချိုးတာလဲကွ၊ ငါက အစိမ်းရောင်ဆိုမုန်းတတ်မှန်းသိလို့ တမင်အရွဲ့တိုက်တာ လားကွ၊ ဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်၊ နောက်တစ်ခါဆို မင်းမျက်နှာကို ခြေမနဲ့ခုန်ထိုးပစ်လိုက်မယ်” မုန့်ပို့သမားလူငယ်မှာ ရီခြင်သော်လည်း အောင့်အီးသည်းခံ၍ ကဖေးဆိုင်ထဲမှထွက်သွားလေ၏။
သူတို့ထက်ပို၍ လက်စောင်းထက်သူမှာ တေးသော်ရီဖြစ်သည်။ သူကတော့အနုပညာသမားပီသစွာ တေးသီချင်းတွင် အခိုင်းအနှိုင်းများ၊
နိမိတ်ပုံများ၊ သင်္ကေတများဖြင့် သူ၏မကျေနပ်ချက်များကို သူ့သီချင်းများတွင် ထည့်သွင်းရေးဖွဲ့စပ်ဆိုထားခြင်းဖြစ်သည်။ဥပမာအားဖြင့်
သူကလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား လော်ဘီလုပ်မှုနှင့်မကျေနပ်ပါက ဤသို့သီချင်းတွင်ရေးဖွဲ့ဆဲဆိုုလေတော့သည်။

“ မင်းကြိုက်တတ်လို့ဘောမ၊ မင်းကြိုက်တတ်လို့ဘောငုံ၊ ဘယ်သူ့မှဖြုံစရာမလိုဘူး၊ ဘောမပင့်တဲ့ သူရန်မရှာနဲ့ မင်းမျက်နှာကြီး- – –
– သီလာသွားမယ်၊ ဒီမှာကြည့်ထား၊ လက်သီး၊ လက်သီးမှမကြောက်ရင် မင်းငါ့ထီးနဲ့တွေ့မယ်” ထိုသို့သော ဟစ်ဟော့စတိုင် ဆဲဆိုတေးများရေးဖွဲ့သီဆိုမှုကြောင့်သူသည်လည်းကြက်ဆူတော အ ဆဲပါရဂူတစ်ယောက်အဖြစ်ထင်ရှားသူဖြစ်သည်။ ထိုအဆဲပါရဂူများကြား အလွန်ထင်ရှားသူမှာ လူမှုရေးဆလိုင်းဂျစ်သိုးဖြစ်သည်။ သူကတော့ဘာ လာလာဆဲသူပင်၊ လူပုဂ္ဂိုလ်များကိုမဆဲရလျင်၊ သဘာဝတရားနှင့်ဖက်ပြိုင်ဆဲဆိုသည်။ သဘာဝတရားကိုဆဲဆိုရင်း လူပုဂ္ဂိုလ်များကိုပါသိုင်းသိုင်းဝန်းဝန်းစုံစုံလင်လင်ဆဲတတ်သူဖြစ်သည်။  တစ်နေ့သား မိုးရွာနေခိုက် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်ရန် အပြင်သို့မထွက်နိုင်သောဆလိုင်း ဂျစ်သိုးကစိတ်ဆိုးမာန်ဆိုးဖြင့်ဆဲဆိုလေတော့သည်။

“ ရွှေရိုးမိုးကလည်း သည်းချက်ကတော့ မိုးပေါက်သွားသလားထင်ရတယ်၊ ရာသီနဲ့မမျှတအောင်ကို ရွာတယ်၊ မိုးရွာတာလည်းမပြောနဲ့လေ၊ ဟို ကိုဆွေကိုယ်မျိုးကလည်း ရုက္ခစိုးကြီးနဲ့ပေါင်းပြီး သစ်တောတွေ ခုတ်သွားတာတောစောင့်နတ်၊ တောင်စောင့်နတ်တွေတောင် မေထုနသံဝါသပြုစရာ တောအကွယ်မရှိ တော့ ရာသီဥတုက ဖောက်ပြန် ချင်တိုင်းဖောက်ပြန်ပြီပေါ့ သူဌေးမျိုးတွေ၊ ထွီ” ဤကဲ့သို့ တစ်ယောက်တစ်မျိုးမရိုးရအောင် ဆဲဆိုတတ်သူများသည့်အတွက်၊ တစ်နေ့သားတွင် ကြက်ဆူတောရွာ၏ ပြဿနာဘုရင်ဆရာချွန်က အဆဲထူးချွန်ပြိုင်ပွဲကိုကျင်းပပေးလေ၏။ ထိုပြိုင်ပွဲအတွက် အကဲဖြတ်ဒိုင်များအဖြစ်၊ သစ္စာလေးပါးမောင်လွမ်းမိုး၊ ကဗျာဆရာမင်းဆက်မွန်၊ ဆရာမဆုနွယ်တို့အား ခန့် အပ်ထားလေ၏။ ထိုပြိုင်ပွဲတွင် အဆဲပါရဂူဘွဲ့ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားသူမှာ ဗိန္ဓောတုတ်ကြီးဖြစ်လေသည်။

ဒိုင်များ၏မှတ်ချက်တွင်၊ ဗိန္ဓောတုတ်ကြီးသည် ကျမ်းဂန်နှင့်အညီ ၆၄ ပါးသောဆဲရေးခြင်းကို သူ့နေ ရာနှင့်သူ ဆီလျော်အောင်သုံးပြီး
အမျိုးစုံအောင် တစ်မျိုးနှင့်တစ်မျိုးမထပ်ရအောင် ဆဲဆိုတတ်သောကြောင့်ဟူပေ၏။

Written by ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်