စက်တင်ဘာ ၁၅ ရက်သည် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သည်။ ယခု ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုက ရေစီနေ့အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ခန်းမ ဆောင်တွင် ကျင်းပခဲ့သည်။ ၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့တွင် ပါလီမန်အ မတ်များသမဂ္ဂ (Inter-Parliament Union- IPU) က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ ကြေညာစာတမ်း ထုတ်ပြန်ခဲ့ သည်။

ထိုသို့ ထုတ်ပြန်ခဲ့သည့်နေ့ကို အ ပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ပြီး နိုင်ငံအလိုက်အထိမ်း အမှတ် အခမ်းအနားများ နှစ်စဉ်ပြုလုပ်ရန် ၂၀၀၇ ခုနှစ်၊ ၆၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ များသည် ၂၀၀၈ ခုနှစ်မှစတင်ပြီး အပြည် ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့ကြသည်။ မြန်မာနိုင်ငံကလည်း ပါတီစုံဒီမိုကရေစီ စနစ်သို့ ကူးပြောင်းကျင့်သုံးခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အထိမ်းအမှတ် အခမ်းအ နားများ နှစ်စဉ်ကျင်းပခဲ့သည်။

ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုက ရေစီနေ့အခမ်းအနားတွင် နိုင်ငံရေးပါတီ များ၊အရပ်ဘက်အဖွဲ့အစည်းများ ကျောင်း သားလူငယ်များ၏ စာတမ်းများ အပါအ ဝင်စာတမ်း ၁၅ စောင် ဖတ်ကြားခဲ့သည်ဟု သိရသည်။

ယင်းစာတမ်းများအနက် စိတ်ဝင် စားဖို့ကောင်းသည်မှာ တိုင်းရင်းသားနိုင်ငံ ရေးပါတီများက ဖတ်ကြားတင်သွင်းသည့် စာတမ်းများရှိသလို တပ်မတော်အစုအဖွဲ့၏ စာတမ်းများလည်း တင်းသွင်းခဲ့ခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဒီမိုကရေစီစနစ်၏အောင် မြင်မှုကို တိုင်းတာသည့်နေရာတွင်အခြေခံ ဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့်ကိုက် ညီမှုရှိ မရှိဆိုသည့်အချက်ပေါ်တွင် အခြေ ခံကြောင်း မြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပ ဒေသည် တပ်မတော်ကို အထူးအခွင့်အ ရေးအပ်နှင်းထားပြီး ဒီမိုကရေစီစံနှုန်းများ နှင့် မကိုက်ညီသည့်အပြင် တပ်မတော်က လည်းဖွဲ့စည်းပုံပါ ၎င်းတို့၏ အခွင့်အရေး များကို မဆုံးရှုံးအောင် ကာကွယ်လျက်ရှိ ကြောင်း ပွင့်ပွင့်လင်းလင်း တင်သွင်းဆွေး နွေးခဲ့သည်။

တပ်မတော်သား အစုအဖွဲ့၏ စာ တမ်းတွင်လည်း ဒီမိုကရေစီကို ပုံတူကူးချ လို့မရ မိမိတို့၏နိုင်ငံသမိုင်းကြောင်းပထဝီ အနေအထား အခြေအနေနှင့် ကိုက်ညီရန် လိုအပ်ပြီး ပုံတူကူးချမည်ဆိုလျှင် မလိုလား အပ်သည့် ဘေးထွက်ဆိုးကျိုးများနှင့် ကြုံ တွေ့နိုင်ကြောင်း ဒီမိုကရေစီစနစ်ရေရှည် ရှင်သန်နိုင်ရေးအတွက် အဆုံးအဖြတ်ပေး သည်မှာ ဒီမိုကရေစီစံနှုန်းများ မဟုတ်ဘဲ အင်စတီကျူးရှင်းများ၏ ထိရောက်အား ကောင်းခြင်းသာ အဓိကဖြစ်သည်ဟုထည့် သွင်းဖတ်ကြားသည်။

ဒီမိုကရေစီစံနှုန်းများတွင် မိမိယုံ ကြည်ရာကိုလွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ရှိသည်။ မိမိယုံကြည်ရာကို လွတ် လပ်စွာ စည်းရုံးခွင့်ရှိသည်။ ယခုကဲ့သို့ မိမိ ယုံကြည်ရာ သိမြင်ရာအမြင်များ ရပ်တည် ချက်များ ထုတ်ဖော်ဆွေးနွေးခြင်းသည် ဒီမိုကရေစီ စံနှုန်းတစ်ခုလည်းဖြစ်၍ ကြိုဆို ထိုက်သည့်ကိစ္စဖြစ်သည်။ ဆိုလိုသည်မှာ အမြင်မတူသည်မှာ ပြဿနာမဟုတ်ပေ။ နယ်စပ်ဒေသများတွင် လက်နက်ကိုင်တိုက် ခိုက်နေခြင်းထက် လွှွတ်တော်တွင်း ပွင့်ပွင့် လင်းလင်း ဆွေးနွေးငြင်းခုန်ခြင်းသည် အရွေ့တစ်ခုဖြစ်သည်။

တကယ်တော့ ဆွေးနွေးငြင်းခုန်ခြင်း ဖြင့် မတူကွဲပြားသည့် အမြင်များရရှိလာ မည် သဘောထားစုစုံစဉ်းစားရသဖြင့်အ ကြံဉာဏ်သစ်များလည်း ရရှိလာနိုင်ပေ သည်။ ယနေ့ ယဉ်ကျေးသောကမ္ဘာ၏ ဖွံ့ ဖြိုးတိုက်တက်မှုများသည် ငြင်းခုန်ဆွေး နွေးကြရာမှာ ရရှိလာခြင်းဖြစ်သည်ဟု ဆို သည်။

တစ်နည်းအားဖြင့် မတူညီသည့် အကျိုးစီးပွားအခြေခံများ ညှိနှိုင်းလုပ်ကိုင် ရာမှ တိုးတက်မှုများရရှိလာသည်။ ဆွေး နွေးငြင်းခုန်ရာတွင် လက်တွေ့အလုပ်ဖြစ် ရန်အတွက် ဆုံးဖြတ်ချက်များချမှတ်ရာ တွင် အများစု၏ဆန္ဒကို အကောင်အထည် ဖော်ရသလို အနည်းစုဆန္ဒကို လေးစား တန်ဖိုးထားဖို့လိုသည်။

ဒီမိုကရေစီသည် အတွေးအခေါ်အ ယူအဆ Idealogy မဟုတ်ပေ။ အလေ့ အထ ကျင့်စဉ်တစ်ခုသာဖြစ်သည်။
ဒီမိုကရေစီကျင့်စဉ်၏ သမိုင်းအစကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က အနောက် တိုင်း ဂရိမြို့ပြနိုင်ငံတွင် ကျင့်သုံးခဲ့သည်။ မြို့ပြနိုင်ငံများဖြစ်၍ တိုက်ရိုက်ဒီမိုကရေစီ ကို ကျင့်သုံးခဲ့ကြသည်။ အရှေ့တိုင်းဖြစ် သည့် အိန္ဒိယနိုင်ငံ ဝေသာလီပြည်တွင် ကျင့်သုံးခဲ့သည့် ဂဏစနစ်ဟူသည့်စနစ် သည် ဒီမိုကရေစီပင်ဖြစ်သည်။ ဝေသာလီ နိုင်ငံသားများ၏ စုစည်းညီညွတ်မှုကို ဗုဒ္ဓ မြတ်စွာဘုရားပင်အသိအမှတ်ပြုခဲ့ရသည်။

ဆိုလိုသည်မှာ ဒီမိုကရေစီကျင့်စဉ် သည် အနောက်တိုင်းစံနှုန်း မဟုတ်ဘဲ ကျင့်သုံးအပ်သည့် အလေ့အထအပြုအမှုတစ်ရပ်သာဖြစ်သည်။ဒီမိုကရေစီ အစပိုင်း တွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခဲ့ သည်။ တိုက်ရိုက်ဒီမိုကရေစီကိုလက်တွေ့အားဖြင့် မိသားစုတွင်းတွင်ဖြစ်စေ၊သူငယ် ချင်း အပေါင်းအသင်းများ ကြားတွင်ဖြစ် စေ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များ တွင်ပျော်ပွဲစားထွက်မလား၊ ရုပ်ရှင်ကြည့်မ လား၊ ဘီယာဆိုင်သွားမလား ရွေးချယ်ရာ အထိ ကျင့်သုံးလို့ရသည်။ အခြေခံကျင့်သုံး ပုံမှာ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ် ချက်ထက် အားလုံးကို ပါဝင်ဆုံးဖြတ်ခွင့် ပေးဖို့သာဖြစ်သည်။ အားလုံးပါဝင်ဆုံးဖြတ် သည့် အလေ့အထ ရှင်သန်လာလျှင် မှန် သည့်ရွေးချယ်မှုများဖြစ်လာမည့်သဘာ၀ ဖြစ်သည်။ တိုက်ရိုက်ဒီမိုကရေစီကျင့် သုံးရာမှ နောက်ပိုင်းတွင် လူဦးရေများ လည်း ဖွံ့ဖြိုးများပြားလာပြီး နိုင်ငံနယ်နိ မိတ်များလည်း ကျယ်ပြောလာသည်။ ဆုံး ဖြတ်ရသည့်အရေးကိစ္စများလည်း ထွေ ပြားဆန်းသစ်လာသည်။

လိင်တူချင်းလက် ထပ်ခွင့်၊ ကိုယ်ဝန်ဖျက်ချခွင့်များကဲ့သို့ ဆုံး ဖြတ်စရာကိစ္စများပါ ရှိလာသဖြင့် တိုက် ရိုက်ဒီမိုကရေစီစနစ်မှ ကိုယ်စားပြု ဒီမိုက ရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးလာသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများ အနက် နိုင်ငံပေါင်း ၁၆၂ နိုင်ငံက ဒီမိုကရေ စီစနစ်ကို လက်ခံကျင့်သုံးလျက်ရှိသည်။ လက်ရှိ ကမ္ဘာနိုင်ငံအတော်များများမှာ ကျင့် သုံးနေသည့် ဒီမိုကရစီကိုကိုယ်စားပြု ဒီမို ကရေစီ (Reprsentatives) ဟု ဆိုနိုင် သည်။ ဝန်ကြီးချုပ် ဦးဆောင်သည့်စနစ်ဖြစ် စေ၊ သမ္မတဦးဆောင်သောစနစ် ဖြစ်စေ ကိုယ်စားပြုဒီမိုကရေစီသာဖြစ်သည်။ ကိုယ် စားလှယ်များကို လူထုကိုယ်စားပြု ရွေး ချယ်အာဏာအပ်နှင်းထားသောကြောင့် ကိုယ် စားပြုဒီမိုကစနစ်ဟုပြောဆိုခြင်းဖြစ်သည်။

ကိုယ်စားပြုဒီမိုကရေစီသည် လွတ် လပ်စွာပြောဆိုမှု လွတ်လပ်စွာရေးသား ထုတ်ဝေမှုဆိုသည့် သတင်းစာလွတ်လပ် ခွင့်ဦးစားပေးတတ်ကြသည်။ အခြေခံထား တတ်ကြသည်။ သတင်းစာလွတ်လပ်မှု ရှိမှသာ မဲဆန္ဒရှင်များသည် ၎င်းတို့မဲပေး ထားသော ကိုယ်စားလှယ်များ ဘာတွေ လုပ်နေသည်ဆိုသည်ကို သိနိုင်မည်ဖြစ် သည်။ သို့မှသာ နောက်တစ်ကြိမ် ရွေးသင့် မသင့် ဆုံးဖြတ်လို့ ရနိုင်မည်ဖြစ်သည်။ ကိုယ်စားပြုဒီမိုကရေစီတွင် လွတ်လပ်စွာ စည်းရုံးခွင့်ရှိရပါမည်။ သို့မှသာ ပြည်သူလူ ထုက အစိုးရအဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျဝင် ရောက်အရွေးခံနိုင်ကြမည်ဖြစ်သည်။ ယှဉ် ပြိုင်နိုင်မည်ဖြစ်သည်။ ကျိုးကြောင်းခိုင်လုံ တဲ့ တရားမျှတသော နိုင်ငံရေးလမ်း ကြောင်း ဖော်ထုတ်ခွင့်ရှိရပါမည်။ သို့မှသာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သူများ ထိ ရောက်စွာ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်သကဲ့ သို့ အခြားသူများ၏ ထင်မြင်ယူဆချက်နှင့် အခွင့်အရေးများကို ယဉ်ကျေးစွာလေးစား တတ်မှု ရှိလာမည်ဖြစ်သည်။ အကျိုးဆက် မှာ အနိုင်ရသူများ အစိုးရအဖွဲ့သို့ ဝင် ရောက်ခွင့်ရနိုင်သကဲ့သို့ ရှုံးသည့်သူများ လည်း ပြစ်ဒဏ်ပေးခြင်း မခံရမည်ဖြစ် သည်။

အရေးကြီးသည့်အချက် သော့ချက် ကျသည့်အချက်မှာ နိုင်ငံရေးစနစ်ဟုပြော ဆိုနေသည့် ဥပဒေများ စည်းကမ်းများ သည် ဥပဒေအရ ဖွဲ့စည်းထားခြင်း (တစ် ဖက်သတ်လုပ်ထားတာမဟုတ်)ဖြစ်သည် ဟု ယုံကြည်မှုဖြစ်သည်။ တိုင်းရင်းသား ပြည်သူများပြောဆိုနေသည့် ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးသည် ယင်းအ ချက်ကြောင့်ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ သည် လူထုဆန္ဒအရ ရေးဆွဲထားခြင်း ဖြစ်မှသာ လူထုက ဥပဒေများကို ကျိုး ကြောင်း ညီညွတ်စွာလိုက်နာကြမည်ဖြစ် သည်။ မြန်မာနိုင်ငံကဲ့သို့ အလွန်အကျွံ့ ဗဟိုဦးစနစ်ကျင့်သောခဲ့သောနိုင်ငံ။ တစ်ပါ တီအာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေး နှစ် ပေါင်းများစွာရှိခဲ့သော နိုင်ငံတွင် ဒီမိုကရေ စီ အသွင်ကူးပြောင်းရေးတွင် ပြည်သူများ ကို လေ့ကျင့်ပေးရန် တစ်နည်းအားဖြင့် ဒီမိုကရေစီ ရင့်ကျက်ရှင်သန်လာစေရန် လွတ်လပ်သည့်မီဒီယာများက ပေါင်းကူး ဆက်စပ်ပေးဖို့လိုအပ်နေသည်ဟုမြင်သည်။

ဆိုလိုသည်မှာ ဒီမိုကရေစီစနစ်နှင့် သတင်းစာလွတ်လပ်ခွင့်က ဆက်စပ်နေ ပြီးဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ရန် မီဒီယာ ကရေသောက်မြစ်ကဲ့သို့ဖြစ်နေခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ထပ်လောင်းတိုက်တွန်းအပ်ပါသည်။

Written by – ခိုင်ကျည်

Leave a Reply