မော်လမြိုင် ၊ မတ် ၁၀ ။ ။ ကိုယ်ပိုင်ကားကမ္ဘာလှည့် ခရီးသွားနေသော အင်္ဂလန်၊ဂျာမဏီ၊အာဂျင်တီးနား၊ဘရာဇီးနိုင်ငံတို့ ခရီးသွားမိသား စုများ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ၃ရက်ကြာ လည်ပတ်ခဲ့ကြောင်း အဆိုပါ ကမ္ဘာလည့် ခရီးသွားများ ထံမှသိရသည်။

CCC

ယင်း နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အိန္ဒိယ နိုင်ငံနယ်စပ်တွင် တွေ့ဆုံကာ ကိုယ်ပိုင်ကား ကားလေး စီးဖြင့် အိန္ဒိယနယ်စပ်မှ တဆင့် မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး မော်လမြိုင်တွင် ခေတ္တရပ်နားကာ ထိုင်းနိုင်ငံနယ်စပ်သို့ ဆက်လက်ခရီးဆက်မည်ကြောင်း ၄င်းတို့ထံမှသိရသည်။၏

ကိုယ်ပိုင်ကားဖြင့် ကမ္ဘာလှည့် ခရီးသွားနေသော မိသားစုများသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သံလွင်တံ တားအနီးတွင် စခန်းချရန်စီစဉ်ထားသော်လည်း တံတားအစောင့်များက ခွင့်မပြုသောကြောင့် ခရီးသွား ၀န်ကြီးဌာန ခွင့်ပြုချက်ဖြင့် မြို့မတံတားအနီးတွင် စခန်းပြောင်းချရပ်နားခဲ့ရကြောင်း ၄င်းတို့ကပြောကြားသည်။

“အိန္ဒိယနယ်စပ်မရောက်ခင်တော့ ကျွန်မတို့က သူစိမ်းတွေပေါ့။ အခုတော့ အတူတူခရီးသွားတဲ့သူငယ်ချင်းတွေ ဖြစ်သွားပြီ။ မြန်မာနိုင်ငံမတိုင်ခင်မှာ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယ နိုင်ငံတွေကိုရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကိုရောက်တာက ၁၀ရက်ရှိပါပြီ။ကမ္ဘာလည့် နေတာ ၆လရှိပြီ”ဟု အသက် ရ၁နှစ်အရွယ်ရှိသော အင်္ဂလန်နိုင်ငံသူ ဂျနက်(Jennet)ကပြောသည်။

ထို့နောက် ထိုင်းနယ်စပ် တွင် လမ်းခွဲကာ မလေးရှား၊ ကမ္ဘောဒီးယား၊ တရုတ် အစရှိသည့်နိုင်ငံများသို့ အသီးသီး ဆက်လက် သွားကြမည်ဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ အင်္ဂလန်နိုင်ငံသား ခရစ်(Christ) ကပြောသည်။

“ကျွန်တော်တို့က အာဂျင်တီးနားက လာတာပါ။ ကျွန်တော်တို့ ကမ္ဘာလှည့်ခရီးသွားနေတာ ၃နှစ်ရှိပါပြီ။ ကမ္ဘာတစ်ဝန်းက မတူညီတဲ့လူတွေ မတူညီတဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေ့လာချင်လို့ပါ။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးတွေက သနပ်ခါးလိမ်းတယ်။ မြန်မာနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ထိုင်းမှာက မလိမ်းဘူးလေ။ အရမ်းကြီးနီးကပ်နေပေမယ့် မတူညီမှုတွေအများကြီးတွေ့ရတာ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာပဲ” ဟု အာဂျင်တီးနားနိုင်ငံသား ဖြစ်သူ လီယိုနာဒိုက ပြောသည်။

မြန်မာနိုင်ငံမှ တစ်ဆင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ တို့ကို ဆက်လက် လည်ပတ်မည်ဖြစ်ပြီး ခရီးသွားရင်း ရိုက်ကူထားသည့် မှတ်တမ်းများကို Documetary အဖြစ် ပြန်လည် ပြုစုရန် စီစဉ်ထားကြောင်း အသက် ၂၄နှစ်အရွယ် ဂျာမနီနိုင်ငံသူ Vinishiaကပြောသည်။

အဆိုပါကမ္ဘာလှည့် ခရီးသည်များသည် မတ်လ၁၁ရက်နေ့မနက်တွင် မော်လမြိုင်မှ ထိုင်းနယ်စပ်သို့ ထွက်ခွာ မည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တောက်လျှောက် ကိုယ်ပိုင်မော်တော်ကားများ ပေါ်တွင်သာ စခန်းချတည်းခို ကြောင်း အဆိုပါ နိုင်ငံံလှည့် ခရီးသည်များထံမှသိရသည်။

Leave a Reply