ယနေ့ နံနက် ၁၀ နာရီခွဲ လေယာဉ်ဖြင့် ကွမ်ကျိုးမှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားတဦးကို ကိုရိုနာဗိုင်းရပ်သံသယရှိ လူနာအဖြစ် စစ်ဆေးတွေ့ရှိရာမှ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆေးရုံတွင် ရောက်ရှိနေသည့် Myanmar Now သတင်းထောက်က သတင်းပေးပို့သည်။

“လေဆိပ်က ကြေးနန်းရလို့ သွားခေါ်လာတာ၊ တရုတ်လူမျိုးပါ၊ လောလောဆယ်တော့ သူ့ကို အထူးကြပ်မတ်ဆောင်မှာ ထားထားတယ်” ဟု ဆေးရုံသို့ရောက်ရှိနေသည့် တာဝန်ကျ ရဲအရာရှိက အတည်ပြုသည်။

ကွမ်ကျိုးမှ ရန်ကုန်သို့ လေကြောင်းလိုင်းနှစ်ခု ဆင်းသက်ခဲ့ပြီး China Southern Airlines နှင့် Sichuan Airlines တို့ဖြစ်သည်။ ကနဦးအချက်အလက်များအရ သံသယရှိလူနာမှာ CZ 3055 China Southern Airlines နှင့် လိုက်ပါလာသည့် ခရီးသည်ဟု သိရသည်။

သတင်းနှင့်ဓာတ်ပုံ – ဝင်းနန္ဒာ/Myanmar Now

Leave a Reply