မြန်မာ့ စီးပွားရေး ကို အစဉ် တစိုက် လေ့လာနေခဲ့သော ပါမောက္ခ ရှောင်တာနဲ ကလတ်တလော အခြေအနေတွင် မြန်မာ့စီးပွားရေးမှာ ရှေ့ဆက်ရန် ခက်ခဲသည့်အနေအထားတွင်ရှိနေကြောင်း ပြောဆို ထောက် ပြလိုက်သည်။

editor copy

ပြီးခဲ့သည့် ရက်ပိုင်းကအားလုံးစောင့်မျှော်နေသည့် စီးပွားရေးမူဝါဒများကို ထုတ်ပြန်ခဲ့သော်လည်း ပွင့်လင်းမြင် သာစွာ အသေးစိတ်ပါဝင်ခြင်းမရှိဘဲ ခေါင်းစဉ်များသာပါလာသည့် အတွက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အတွက် အခက်ခဲရှိနေသည်ဟု ဝေဖန်သံများထွက်လာခဲ့သည်။

လက်ရှိ အခြေအနေအရ မြန်မာ့ စီးပွားရေး ကို ပြည်တွင်း စီးပွားရေး လုပ်ငန်း ရှင်များ နှင့် နိုင်ငံခြား ရင်းနှီး မြှုပ် နှံ သူများကလည်း လက်ရှိ အခြေအရ ရင်းနှီးမြှုပ်နှံမှုများ တုံ့ဆိုင်း လျက်ရှိသည်။

လူထု ထဲ တွင် စီးပွားရေး အခြေ နေက မဟန် လှပေ။ ထိုအပြင် မြန်မာ ပြည်အထက်ပိုင်း ရေဘေးအန္တရာယ် ကြုံ တွေ့ လာ သော ကြောင့် မြန်မာ ပြည်အောက်ပိုင်း မြို့များတွင် ကုန်ဈေး နှုန်းကြီး မြင့် မှု များ နှင့် ရင်ဆိုင် နေရသောကြောင့် ပိုမို အခက် တွေ့နေသည်။

မြန်မာ လူမျိုးများ အဓိက ထားစားသုံးသော ဆန်ဈေးမှာလည်း တရိပ်ရိပ်ထိုးတက်နေသည်။ ယခင်လ က ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ၄၄၀ဝ၀ ကျပ်သာပေါက်ဈေးရှိရာမှ သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်အိတ် လျှင် ၄၇၀ဝ၀ ကျပ်ဝန်းကျင်အထိ မြင့်တက်သွားခဲ့ရ သည်။

ထိုသို့သော အောက်ခြေလူထု မှ စ ၍ စီးပွားရေး လုပ်ငန်း ရှင် ထိ အကျပ်ရိုက် နေသော စီးပွားရေးလည် ပတ် မှု ကို အစိုးရ အနေနှင့် ပွင့် လင်းမြင်သာစွာဖြေရှင်း ရန် အချိန် ကြရောက် နေပေ ပြီ။

နိုင်ငံတစ်ခု ကို တည်ဆောက်ရာ တွင် စီးပွားရေး တည်ဆောက် ခြင်း သည်လည်း အရေး ပါ သည်။ ထို့ကြောင့် အစိုးရသစ် အနေနှင့် နိုင်ငံ တစ်ခု ကို ပြန်လည် တည်ဆောက်ရာ တွင် ပြည်သူလူ ထု ၏ စီးပွားရေး ကို လည်း ကျွဲ ကူးရေပါ ပြန်လည် တည်ဆောက်ပေး ရန် တိုက်တွန်းလိုက်ရပါသည်။

Leave a Reply