Advertisements

မော်လမြိုင် ၊ မေ၂၄

အမေရိကန် ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့ အကြားဖြစ်ပွားနေသော ကုန်သွယ်ရေး တိုက်ပွဲ ကြောင့် မော်လမြိုင် ရွှေဈေးကွက် အပေါ်သက်ရောက်မှုရှိကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရှိရသည်။

ကုန်သွယ်ရေးတိုက်ပွဲကြောင့် ရွှေဈေးမြှင့်တက်လာကာ နာရီပိုင်းအတွင်း ဈေးနှုန်းအတက်အကျလည်း ပိုမိုမြန်ဆန်လာကြောင်း ရွှေလုပ်ငန်းရှင်များ ကဆိုသည်။

“မနေ့ကဆိုရင်တော့ ၁၀သိန်း ၃သောင်း ၈ထောင် နာရီပိုင်းလောက်အတွင်းလေးတွေမှာ ၁၀၀၀ကျပ် နဲ့ ၂၀၀၀ကျပ် ကြားအတက် အကျဖြစ်တယ် ပြီးတော့ ရန်ကုန်ထက် မော်လမြိုင်က ၁၀၀၀၀ကျပ် နီးပါးလောက်ပိုကွာတယ်” ဟုပွင့်စုံသင်း စိန်၊ရွှေ ရတနာဆိုင် မှဦးခင်ဇော် ကပြောသည်။

မွန်ပြည်နယ် မော်လမြိုင်တွင်အခေါက်ရွှေ ၁ကျပ်သား ၁၀သိန်း၄သောင်းခန့်ရှိပြီး၊ ၁၅ပဲရည်ကို ၉၈၂၀၀၀ ကျပ်၊ ၁၂ပဲရည်ကို ၈၀၀၀၀၀ ကျပ် ဝန်းကျင်ခန့်ထိ ဈေးနှုန်းမြင့်တက်လာသည်။

မော်လမြိုင် မြို့တွင် အခေါက်ရွှေ ၁ကျပ်သား ၁၀သိန်း ၄သောင်းကျပ်ရှိလျှင် ရန်ကုန်မြို့တွင် ၁၀သိန်း ၄သောင်း ၈ထောင်နီးပါး ပေါက်စျေး ရှိသည်ဟုသိရှိရပါသည်။

၂၀၁၈ခုနှစ် မတ်လ အတွင်းက မော်လမြိုင်မြိုနယ်တွင်အခေါက် ရွှေစျေး ၉သိန်း ၄သောင်း ကျပ် ပေါက်စျေးရှိနေပြီး၊ ဖေဖော်ဝါရီလ အတွင်းက ၉သိန်း ၂သောင်း ၈ထောင် ကျပ် ရှိခဲ့ပြီး ယခုနှစ်တွင် ၁၀သိန်း ၄သောင်း ကျပ် အထိမြင့်တတ်သွားကြောင်းသိရှိရသည်။

စိုင်းထွန်းစံ ၊ လဲ့လဲ့ဝင်း

Advertisements
<

Leave a Reply