မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ၃ လမ်းရှိ “ကောင်းကင်မင်း”တည်းခိုခန်း အခန်းအမှတ် (၂၀) တွင် မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင်များ ဇူလိုင်လ ၂၄ ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ရာ ထိုတည်းခိုခန်း၌ လာရောက်တည်းခိုသူ ဦးကြည်လွင်သည် ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များ လုံးထွေးဖမ်းဆီးခဲ့ရကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

kaung kin min

၁၂လက်မခန့်ရှိသော ဓားဖြင့် ဦးကြည်လွင်၏ ခုခံမှုကို ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာ အဆိုပါ ဓား၏ ဓားရိုးနောက်ပိတ်ထဲတွင် ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော R စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈၉ ပြားကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။

ဦးကြည်လွင် တည်းခိုသော အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်မှ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေစက္ကူ ၅၀ဝ၀ဝ ကျပ်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းလည်း ထိုရဲမှတ်တမ်းတွင် ပါရှိသည်။

စိတ်ကြွရူးဆေးပြားများ လက်ဝယ်တွေ့ရှိခဲ့သူ ဦးကြည်လွင်ကို မြိုင်သာယာနယ်မြေရဲစခန်းတွင် မယ(ပ) ၁၁/၂၀၁၆ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း အဆိုပါ ရဲမှတ်တမ်းအရ သိရသည်။

Leave a Reply