လက်တလောလူတွေကြားမှာ ခေတ်စားနေသည့် Multi-level Marketing(ဆင့်ပွားရောင်းချနည်း) ကောင်းကျိုး ဆိုးကျိုးများ နှင့် ပက်သက်၍ MLM ကိုလည်းလုပ်ကိုင်ဖူးသူ၊ MLM ကိုဆန့်ကျင်သော ကမ်ပိန်းများဆောင်ရွက်နေသည့် မြန်မာ့အိပ်မက်-တိုးတတ်ရေးမဂ္ဂဇင်းတည်ထောင်သူ ကိုဇင်ဇေလွင် နှင့် Hinthar Media မှ တွေ့ဆုံမေးမြန်းမှုကို ကောက်နှုက်ဖော်ပြလိုက်ရပါသည်။

akjfl

ဟင်္သာမီဒီယာ – Multi-level Marketing(ဆင့်ပွားရောင်းချနည်း) လုပ်ငန်းစဉ်ကို နည်းနည်း လောက်ရှင်းပြပေးပါလား။

UZZL – လက်ရှိလုပ်ငန်းစဉ်က တကယ်တမ်းပုံမှန်အတိုင်းလုပ်မယ်ဆိုရင် နံပါတ် ၁ က ကုမ္ပဏီ ကိုဝင်ရ မယ်။ ဝင်ပြီးတော့ သူတို့ကုမ္ပဏီကပစ္စည်းတွေကို ဝယ်ပြီးတော့ ရောင်းပေးရမယ်။ ပြီးရင် နံပါတ် ၂ က အဲ့လိုယူပြီးရောင်းရုံတင်မကဘူး ကိုယ့်လိုတစ်ခြားရောင်းချင်တဲ့သူတွေကိုလည်းခေါ်ပြီး တော့ စုပေးရမယ်။ အဲ့လိုခေါ်ပြီးတော့ ရောင်းပေးတဲ့အပေါ်မှာ အဲ့ဒီလူတွေ ရဲ့ရောင်းအား ပေါ်မှာမူတည်ပြီးတော့ ကိုယ်ကအကျိုးခံစားရမယ်။ အဲ့လိုစုပြီးတော့ ရောင်းပေးမယ့်သူတွေများလာရင် အဲ့လိုတွေရဲ့ အဆင့်ဆင့်အလိုက် ၈ ဆင့် ၉ ဆင့် ၁၀ ဆင့် တစ်ချို့ဆိုရင် ၁၆ ဆင့်လောက်ထိ ဆုကြေးတွေပေးသွားမယ်ပေါ့။ ပေးသွားတာဖြစ်တဲ့အတွက် တစ်ယောက်ချင်းရောင်းအားအရဆိုရင် ပိုက်ဆံဘယ်လောက်မှမရပေမယ့် အဲ့လို အုပ်စုလိုက်ကြီးရောင်းအားနဲ့ဆို ပိုက်ဆံတွေအများကြီး ရတယ်။ ဒါကတော့ အခြေခံလုပ်တယ်လို့သူတို့ပြောတဲ့ဟာပေါ့။ တကယ် တကယ်လက်တွေ့မှာတော့ အဲ့ဒီပစ္စည်းတွေကို ယူပြီးတော့ များသောအားဖြင့်ရောင်းဖို့အဆင်မပြေတာများတယ်။ အလွှာ အဆင့်ဆင့်ကိုလိုက်ပေးရတော့ ဈေးတွေကတအားကြီးတော့ အချင်းချင်းရောင်းတယ် အပြင်လူကို ရောင်းဖို့ခက်တော့ သူတို့ကဝယ်သုံးမှရမှာ။ အဲ့တော့ ဘာဖြစ်သွားလဲဆိုတော့ ကိုယ်ပိုက်ဆံနဲ့ကိုယ် ရင်းပြီးသုံး ကိုယ့်အောက်ကသူတွေလည်းရင်းပြီးသုံးကြ။ သုံးတဲ့အပေါ်မှာမူတည်ပြီး ဘောနပ်ပြန်ပေး နေတဲ့သဘောပေါ့။ ဒါမျိုးသွားနေကြတာများတယ်။ နောက်ပိုင်း ပိုဆိုးလာတာဘာလဲဆိုတော့ ရောင်းရတဲ့ Process မပါလာတော့ဘဲနဲ့ ဒီကုမ္ပဏီမှာ ပစ္စည်းတွေဝယ်သုံးနေတာနဲ့ ပိုက်ဆံရတယ်ဆိုပြီး လူလိုက်ဆွယ်နေတဲ့သဘောမျိုးပေါက်နေတာပေါ့

ဟင်္သာမီဒီယာ -အဓိက MLM မှာ အကျိုးအမြတ်ရတာက ဘယ်သူတွေဖြစ်မလဲ။

UZZL – အဓိကကတော့ လူတွေအများကြီးစုနိုင်တဲ့သူကရတာပေါ့။ လူတွေအများကြီး စုနိုင်ဖို့ရှင်းရှင်း ပြောရရင် ဈေးကွက်ရဲ့သဘောအရကြာကြာလုပ်လေ ကြပ်လာလေသဘောရှိတော့ စောစောစီးစီးဝယ်ထားပြီးတော့ လူများများကိုကိုယ့်ဟာကိုယ်သိမ်းသွင်းနိုင်ရင် ဝင်ငွေအများ ဆုံးရတာပေါ့။ များသောအားဖြင့် မြန်မာနိုင်ငံထဲကိုသွင်းလာတဲ့အုပ်စုတွေနဲ့ သူတို့နဲ့ ပက်သက်ရာ ပက်သက်ကြောင်းတွေက ရတာပိုများတယ်။ အောက်ကနေလူစုတာမြန်တဲ့သူတွေက တက်သွား တာရှိပေမယ့် နည်းတယ်ပေါ့။
ဟင်္သာမီဒီယာ – အကိုက MLM လုပ်ငန်းကိုလုပ်ခဲ့တာဆိုတော့ ဘာဖြစ်လို့ MLM လုပ်ငန်းကို ဘာဖြစ်လို့စွန့်လွှတ်ခဲ့တာလဲ။

UZZL -အဓိက ထင်သာမြင်သာတာဘာလဲဆိုတော့ တစ်ခြားနိုင်ငံတွေမှာ ပြဿနာဖြစ်နေပေမယ့် ကျွန်တော်တို့နိုင်ငံမှာက ဘာမှမသိရဘူး။

အဲ့ဒီအချိနှ်မှာ အကိုတို့က အင်တာနက်တွေ ဘာတွေ ကောင်းကောင်းသုံးလာတော့ ဘယ်နိုင်ငံမှာ ဘယ်လိုပြဿနာတတ်ပြီဆိုတာကိုသိပြီ။ ဒါပေမယ့် အဲ့ဒီကိစ္စတွေနဲ့ပက်သက်ပြီးမြန်မာနိုင်မှာ ဘာမှပြောကြတာမရှိဘူး။ တစ်ခြားနိုင်ငံမှာဖြစ်တာ ကိုလည်းမပြောသလို ကိုယ့်နိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကိုလည်း သူတို့ဖာသာ သူတို့ကြိတ်ပြီးဖြေရှင်းတယ်။ အောက်ကလူတွေကိုပေးမသိကြဘူး။ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တော့မှပဲ ပေးသိတာများတယ်။ ကုမ္ပဏီတွေဘက်က ပွင့်လင်းမြင်သာမှုမရှိတာပေါ့။ နောက်တစ်ချက်က ကျွန်တော်အဲ့ဒီအလုပ်ကိုလုပ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတိထားမိတဲ့အချိန်မှာ ဒီအလုပ်မှာ ကိုယ်မမြင်ရဘဲနဲ့ ကိုယ်ကကုန်ကျစားရိတ်တွေထွက်နေတာအများကြီးပဲ။ သွားခလာခတွေ သွားတဲ့စားရိတ်တွေ Training တွေတက်ရတယ်။ အဲ့ဒီစားရိတ်တွေကို ကာမိဖို့ ခုနကပြောတဲ့ ဝယ်သုံးပြီးရောင်းနေရတဲ့စားရိတ်က လစဉ်အတိုငးအတာတစ်ခုထိရှိတာပေါ့။ အဲ့စားရိတ်တွေတောင် အောက်လူတွေကမကျေတာသွားတွေ့ရတယ်။ အောက်ဆုံးအလွှာတစ်လွှာနှစ်လွှာက ကျေကိုမကျေတာ ဘယ်လိုပဲဖြစ်ဖြစ်။ ဒါပေမယ့် အဲ့ဒီစားရိတ်တွေကို ကျေဖို့ဆိုရင် သူကဘာလုပ်ရ မလဲဆိုတော့ အောက်မှာ နောက်တစ်ဆင့် လေးယောက်ကနေ ဆယ်ယောက်လောက်အထိစုပြီး အဲ့လူတွေကဆက်လုပ်မယ်ဆိုရင် သူကကျေသွားတာပေါ့ ဒါပေမယ့်လုပ်ပြန်ရင်လည်း အောက်မှာ ထပ်ပြီးတော့ အရင်းမကျေတဲ့သူတွေထပ်ပေါ်လာမယ်။ ဆိုလိုတာက ဒီလုပ်ငန်းမှာ ပိုက်ဆံမရအောင်လုပ်လို့မရတာမဟုတ်ဘူး။ ရတယ်။ ဒါပေမယ့် ပိုက်ဆံရအောင်လုပ်ပြီး အပေါ်ကိုတက်သွားလေ တက်သွားလေ ဟိုအောက်ခြေမှာ နစ်နာတဲ့သူပမာဏကများလာလေ များလာလေပဲ။ အဲ့လိုနစ်နာတယ်ဆိုတာက ငွေရေးကြေးရေးအရ သွားလာစားရိတ်တွေရှိတယ်။ ပြီးတော့ အချိန်တွေအလကားကုန်သွားတယ်။ တစ်ချို့ဆိုရင် လူမှုပတ်ဝန်းကျင်မှာ မပြောတတ်မဆိုတတ်နဲ့ စွတ်ပြောတာမျိုး လူမှုရေးအရအများကြီးဆုံးရှုံးသွားတာတွေရှိတယ်။ တကယ်တမ်းသေချာကြည့်လိုက်ရင် အရင်းအနှီးနည်းနည်းနဲ့ စလုပ်ပြီးနောက်ဆုံး အများကြီး ရနိုင်တယ်လို့ပြောပေမယ့် တကယ်တမ်းအဲ့လိုဖြစ်သွား တဲ့အနေအထားသည် တစ်သောင်းမှာ တစ်ယောက်လောက်ပဲ အဲ့လိုဖြစ်တာဖြစ်ပြီး တကယ်တမ်းလူတော်တော်များများက ဆုံးရှုံးနေကြတာများတယ်။ အရင်းကျေတဲ့သူတောင် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒီကုမ္ပဏီတွေက အမြဲတမ်းပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာက ဒီအလုပ်မှာလူဘယ်နှစ်ယောက်ရောက်နေပြီးတော့ ဘယ်သူတွေကတော့ ဘယ်နှစ်ရာခိုင်နှုန်းက ဝင်ငွေကောင်းတယ် ဘယ်နှစ်ရာခိုင်နှုန်းလောက်ကတော့ အရင်းကျေတယ် ဘယ်နှစ်ရာခိုင်နှုန်းလောက်ကတော့ ရှုံးနေတယ်ဆိုတာကို သူတို့ကတရား ဝင်ပြောတာမရှိဘူး။ အဲ့ဒီလိုမျိုးသာပြောမယ်ဆိုရင်တော့ လူတွေကပိုပြီးတော့ သတိထားမှာပေါ့။ ရှင်းရှင်း ပြောရရင် စင်ပေါ်တတ်ပြီးတော့ အောင်မြင်နေတဲ့သူတွေကို ပွဲထုတ်ပြီးတော့ အောက်က လူတွေက မျှော်လင့်ချက်လေးတွေနဲ့ အောက်ကလူတွေက အရှုံးခံပြီးတော့လုပ်နေကြတာများတယ်။ သူတို့အရှုံးခံပြီးလုပ်နေရအောင်လည်း ကျန်တဲ့သူတွေက ဝိုင်းပြီးတော့ စိတ်ဓာတ်ခွန်အား တွေပေးတယ်။ Psyco တွေရိုက်သွင်းတယ်။ အဲ့ဒါတွေကို ပိုပိုပြီးသိလာတော့ ဒီလုပ်ငန်းကိုမလုပ် တော့ဘူးလို့ ဆုံးဖြတ်ချက်ချပြီး ကျွန်တော် ကိုယ်ပိုင်စီးပွားရေးပဲလုပ်တော့တာ။

ဟင်္သာမီဒီယာ -အကိုဆိုလိုတဲ့သဘောက MLM သမားတစ်ယောက်ဟာ ကိုယ်ပိုက်ဆံများများ ရလေလေ အောက်ကလူအများစုက နစ်နာလေလေဆိုတဲ့သဘောမျိုးလား။

UZZL -ဟုတ်ပါတယ်။ ဥပမာ ကျွန်တော့်အောက်မှာ အလွှာဆိုပါဆို့ ခြောက်လွှာ ခုနှစ်လွှာရှိတယ် ဆိုပါစို့။ ခြောက်လွှာ ခုနှစ်လွှာလောက်မှာ ပထမဆုံး နှစ်လွှာ သုံးလွှာ လေးလွှာလောက်ပဲ အရင်းကျေမှာ။ ငါးလွှာမြောက်နဲ့ ခြောက်လွှာမြောက်က သေချာပေါက်ရှုံးကိုရှုံးတယ်။ အဲ့တော့ အောက်ကိုဆင်းလာလေ အရင်းမကျေတဲ့သူတွေများလာလေပဲ။

ဟင်္သာမီဒီယာ – MLM ကို ဘာဖြစ်လို့ လူတွေကဘာဖြစ်လို့ယုံကြည်ကြတာလဲ။

UZZL- အဓိကကတော့ MLM မှာက နည်းအမျိုးမျိုးရှိးတယ်။ သာမန်လူလောက်ဆိုရင် ပြဿနာမရှိ ဘူး ကိုယ့်ကို အဲ့လောမက်လုံးပေးတာမဖြစ်နိုင်ဘူးဆိုတာကို စဉ်းစားမိတာများတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ စနစ်တကျ Training ရှိထားတဲ့သူဆိုရင် စကားပြောတာကအစ သူတို့ပြောချင်တာကို တန်းပြော တာမဟုတ်ဘူး။ ကိုယ်ဘာလိုချင်လဲဆိုတာကို ကိုယ့်ကိုအေးအေးဆေးဆေးနဲ့ စပြောတာ။ သုံးလေးရက် မှေးထားပြီးတော့မှ ကိုယ့်ရဲ့ အားနည်းချက်အာသာချက်သိပြီးတော့မှ သူတို့လိုချင်တာ ကိုလုပ်ယူသွားတာ။ ကျွန်တော်တို့ဆိုရင် ဒါကိုဘာဖြစ်လို့လုပ်သွားသလဲဆိုတော့ ကျွန်တော်က သင်္ဘောလိုက်ပြီးပြန်လာတာ။ ငွေရေး ကြေးရေးက ကျွန်တော့်အတွက် အခက်အခဲမရှိဘူး။ ကျွန်တော်ကိုဆွယ်တဲ့သူက ဘာပြောလဲဆိုတော့ လူလူချင်းကူညီရိုင်းပင်းတတ်ပြီးတော့ ပရဟိတစိတ် ဓာတ်ရှိတဲ့သူတွေအတွက် သင့်တော်တဲ့လုပ်ငန်းဆိုပြီး သူတို့ကမိတ်ဆက်ပေးတာ။ သူရှင်းပြတဲ့သီ အိုရီအရ အဲ့ဒီသဘောတရားကိုယုံသွားတာပေါ့။ ခုနကပြောတဲ့ အဆင့်ခြောက်ဆင့်မှာ သုံးလေးဆင့်ကိုပဲလိုက်ကြည့်မိတဲ့သဘောပေါ့ ဒီလူတွေကို ကူညီရင် ငါလည်းအောင်မြင်မယ် ဆိုတဲ့ဟာကိုပဲသတိထားမိတယ် ဟိုးအောက်မှာရှုံးနေမယ်ဆိုတာကို အသေးစိတ်ချမတွက်လိုက်မိဘူး။ ဆိုလိုတာက လူမှုရေးကြိုက်တဲ့သူဆိုရင် လူမှုရေးနဲ့ဆွယ်တယ်။ အပျော်ကြိုက်တယ် လူငယ် တွေပေါ့ပေါ့ပါးပါး စိတ်ဓာတ်ခွန်အားတွေရတာကြိုက်တဲ့သူဆိုရင် အဲ့ဒါတွေနဲ့ဆွယ်တယ်။ ဆွယ်ပုံဆွယ်နည်းက အထဲမှာ အမျိုးမျိုးရှိတယ်။ ဒါတွေကို သူတို့ကစနစ်တကျသင်တယ်။ စနစ်တကျ အသင်ခံထားတဲ့သူတွေနဲ့ တွေ့လာရင် လူတွေကဘာပဲပြောပြောယုံသွားတတ်ကြတယ်။ ပညာတတ်တွေတောင်ယုံပြီးပါသွားတာတွေတောင်ရှိတယ်။ နံပါတ် ၁က အရမ်းအပြောကောင်း တဲ့သူတွေနဲ့ တွေ့သွားရင် ပြီးတော့ တစ်ချို့သူတို့တွေရဲ့ပွဲတွေက အရမ်းစိတ်ဓာတ်ခွန်အား တက်ကြွပြီးတော့ သူတို့က မှိုင်းသွင်းတာတအားကောင်းတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာက အရင်းအနှီးနည်းနည်းနဲ့ကြီးပွားချမ်းသာဖို့မလွယ်တဲ့နေရာမှာ ဒါကိုရသွားရင် မဆိုးဘူးဆိုတဲ့ စမ်းကြည့်ချင်တဲ့စိတ်လေးတွေနဲ့လုပ်ဖြစ်သွားကြတယ်

ဟင်္သာမီဒီယာ – MLM ရဲ့ ကောင်းကျိုးဆိုးကျိုးတွေက ဘာဖြစ်မလဲ။

UZZL- ကောင်းကျိုးထက်ဆိုတာထက် ဆိုးကျိုးက သိသိသာသာပိုများတယ်။ ကောင်းကျိုးကတော့ သူတို့ပေးတဲ့ သင်တန်းတွေက တစ်ချို့ဟာလေးတွေက အပြင်မှာလည်းပြန်သုံးလို့ရတဲ့ အကျိုးရှိတဲ့ သဘောတရားလေးတွေပါတယ်။ သူတို့က ဒါတွေကို ဟောပြောပြီးတော့ သင်တာကို။ ပြီးသွားရင် အပေါ်ပိုင်းကတော့ အောင်မြင်မှာပဲ အောက်ကလူအများစုကတော့ ငွေကြေးဆုံးရှုံးမယ် နစ်နာမယ်။ ကိုယ်ကအပေါ်ကိုတက်အောင်လုပ်နိုင်ရင် ကိုယ့်အတွက်အကျိုးရှိမယ်။ ဆိုးကျိုးကတော့အများကြီးပဲ။ ကုန်ပစ္စည်းတွေက ပြင်ပကလာတာ။ အဲ့တော့ ဒီပစ္စည်းတွေကို ဝယ်သုံးနေရတော့ ထွက်ငွေကအရမ်း များတယ်။ ကုမ္ပဏီတော်တော်များများသည် အခွန်ရှောင်ကြလေ့ရှိတယ်။ ဆောင်ရင်လည်း Percentage တစ်ခုလောက်ပဲ နည်းနည်းပါးပါးလောက်ပဲဆောင်ပြီးတော့ ရှောင်ထားတဲ့ Percentage ကအရမ်းများတာတွေရှိတယ်။ ဒါကနိ်ုင်ငံနဲ့ချီပြီးဖြစ်တာ။ တစ်ဦးတစ်ယောက်ချင်းဆိုရင် ခုနကပြောတဲ့ ငွေကြေးဆုံးရှုံးတာ အချိန်ဆုံးရှုံးတာ လူမှုရေးဆုံးရှုံးတာ တစ်ချို့လူငယ်တွေ ပညာရေးမှာ လမ်းကြောင်းတွေရှော်သွားတာ ဒါမျိုးတွေလည်း အများကြီးဆုံးရှုံးရတာတွေရှိတာပေါ့။ ပြီးတော့ ဒီလုပ်ငန်းလုပ်ရင် ပိုက်ဆံဆိုတာလွယ်လွယ်ရတယ်ဆိုပြီးပေါ့ပျက်ပျက်ဖြစ်သွားတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ဝိုင်းပြီးတားတဲ့သူတွေကိုလည်း ဒီကောင်တွေက အဆိုးမြင်သမား တွေ ဘာမှသိတဲ့ကောင်တွေမဟု တ်ဘူးဆိုတာ မျိုးအထင်သေး တဲ့စိတ်တွေ ဝင်သွားတာမျိုးတွေဖြစ်သွားတတ်တယ်။

ဟင်္သာမီဒီယာ -ကျွန်တော်တို့နိုင်ငံမှာ MLM ကုမ္ပဏီဘယ်လောက်လောက်ရှိလဲ။ ဘယ်လိုကုန်ပစ္စည်း မျိုး ရောင်းကြတာလဲ။

UZZL – ခန့်မှန်းချေ ကုမ္ပဏီ လေးငါးဆယ်လောက်ရှိတယ်။ သိသိသာသာ ထင်ထင်ရှားရှား လုပ်နေတဲ့ ကုမ္ပဏီက နှစ်ဆယ်လောက်ရှိတယ်။ သွင်းနေတဲ့ပစ္စည်းတွေက ကျန်းမာရေး နဲ့ အလှအပပစ္စည်းတွေ ပြောလို့ရှိရင် ဓာတ်စာတို့ အားဖြည့်စာတို့ ဆပ်ပြာတို့ခေါင်းလျှော်ရည်တို့ ဒါမျိုးတွေပေါ့။ တစ်ချို့ဟာတွေကြတော့လည်း နည်းနည်းထူးခြားတဲ့ ရေသန့်စက်တို့ စွမ်းအင်ရှိတဲ့ ဆွဲပြားတို့ဘာတွေပေါ့

ဟင်္သာမီဒီယာ – MLM နဲ့ လွှတ်တော်တင်ဖို့ အကို့ကို လွှတ်တော်ကိုယ်စားတွေ ဆက်သွယ်လာ တဲ့လို့သိရတယ်။ အဲ့ဒါဘယ်သူတွေလဲ

U ZZL – အဲ့ဒါတော့ပြောလို့မရဘူး။ သူတို့ကိုယ်တိုင်တင်ပြီးမှာပဲ သူတို့ကိုယ်တိုင်ကအစ မပြောပါနဲ့လို့ပြော ထားတယ်။

ဟင်္သာမီဒီယာ – လွှတ်တော်တင်မယ်ဆိုရင်ကော ဘယ်လိုအချက်အလက်တွေလိုမလဲ

UZZL- ဒီလုပ်ငန်းလည်ပတ်နေတဲ့ ပုံစံတွေလိုမယ်။ နိုင်ငံတကာမှာကောဘယ်လိုဖြစ်နေလဲ။ လက်ရှိမြန် မာနိုင်ငံမှာကော ဘယ်လိုဖြစ်နေလဲ။ ဘယ်လို Law တွေထားသင့်သလဲ ဒါတွေကိုတင်ပြရမယ်။

ဟင်္သာမီဒီယာ – အစိုးရကော MLM ကို ဘယ်လိုမျိုးတားသင့်သလဲ

UZZL- လက်ရှိက တစ်ချို့ကုမ္ပဏီတွေဆိုရင် FDA မရှိဘူးဆိုပြီးချက်ချင်းဝင်ဆီးပစ်လိုက်တာတွေရှိ တယ်။ အဲ့လိုမျိုးတွေ ပြတ်ပြတ်သားသားလုပ်မယ်။ ပြီးရင် အခွန်ကိစ္စနဲ့ FDA ကိစ္စနဲ့တင် ကုမ္ပဏီတော် တော်များများကို ဒီဟာကို ချက်ချင်းနီးပါးအရေးယူလို့ရပါတယ်။ အတိုင်းအတာတစ်ခုထိမှန်မှန် ကန်ကန် လုပ်နေတဲ့ ကုမ္ပဏီတွေဆိုရင် နောက်တစ်နည်းနဲ့ ပြန်ထိန်းရတာပေါ့။ အခွန်နဲ့ FDA နောက်ပြီးတော့ သွင်းကုန်ထုတ်ကုန် လိုင်စင်နဲ့ သူတို့သွင်းတဲ့ Amount နဲ့ သူတို့ရောင်းနေတဲ့ Amount ကို ပြန်တိုက်စစ်လိုက်ရင် သူတို့ခိုးသွင်းတာတွေထွက်လာလိမ့်မယ်။ အဲ့ဒါတွေနဲ့တင် တကယ်တမ်းအရေးယူမယ်ဆို အရေးယူလို့ရနေပါပြီ။

ဟင်္သာမီဒီယာ – MLM က မြို့တွေတင်မကဘူး တောဘက်တွေပါ လိုက်ဆွယ်နေပြီဆိုတော့ အကိုအနေနဲ့ လူတွေကိုရောဘာပြောချင်လဲ။

UZZL-အဓိကကတော့ သူတို့ပြောတာကိုမယုံဘဲနဲ့ ပညာရှင်တွေ မီဒီယာသမားတွေနဲ့ နည်းနည်းလေး ဗဟုသုတစုံလင်တဲ့သူတွေနဲ့ အရင်ဆွေးနွေးကြည့်ပေါ့။ သူတို့က အရမ်းအပြောကောင်းတော့ အဲ့လိုမျိုးပြောတာကို ချက်ချင်းလက်မခံပဲနဲ့ သေချာလေးစဉ်းစားဖို့ တိုင်ပင်ဖို့ပေါ့နော်။ နောက် နိုင်ငံပိုင်မီဒီယာများမှာလည်း ဒီလုပ်ငန်းနဲ့ ပက်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေပါနေပြီဆိုတော့ ချက်ချင်းကြီး ဆုံးဖြတ်ချက်မချလိုက်ပဲနဲ့ သေသေချာချာတိုင်ပင်စဉ်းစားကြဖို့လိုအပ်တယ်။ သူတို့ပြနေ တဲ့ မတ်လုံးတွေကိုပဲ မမြင်ပဲနဲ့ ဒီငွေတွေရဖို့ ငါတို့တွေက ဘယ်လိုလုပ်မှ နောက်ဆုံးမှာရမှာလဲ ဆိုတာကို သေသေချာချာလေးမေးဖို့ လိုအပ်ပါတယ်။

ဟင်္သာမီဒီယာ – MLM လုပ်ပြီး ပိုက်ဆံရနေတဲ့ ခေါင်းဆောင်တွေကိုကော အကို့အနေနဲ့ ဘာများပြောချင်သလဲ

ZZL – သူတို့က ထိပ်ပိုင်းတောင်ရောက်နေတော့ ရှင်းရှင်းပြောရရင် MLM ရဲ့ ကောင်းကျိုးဆိုးကျိုးကို သူတို့ သိပြီးသားပါ။ အောက်လူတွေအတိုင်းအတာတစ်ခုနစ်နာရင် နစ်နာပလေ့စေ။ ငါတို့ကအပေါ်မှာ အဆင်ပြေနေတယ်။ ပြီးရင် ငါတို့ရဲ့ ကပ်ရပ် Level က လူတော်တော်များများအဆင်ပြေနေတော့ ဒီအလုပ်ကိုဆက်လုပ်တာပေါ့။ ဟိုးအောက်ခြေကလူတွေဘာဖြစ်နေလဲဆိုတာ သူတို့မကြည့်ဘူး ပေါ့။ဖြစ်နိုင်ရင်တော့ ဟိုးအောက်ခြေမှာရှိနေတဲ့လူတွေရဲ့ အနေအထားကိုသေချာဆင်းပြီးတော့ ကြည့်သင့်တယ်။ လစဉ်ကုန်ကျစားရိတ်တောင်မကာမိဘူးဆိုတာထင်ထင်ရှားရှားတွေ့ရမှာပဲ။ ဖြစ်နိုင်ရင် ဒီအလုပ်မဟုတ်ဘဲနဲ့ တစ်ခြားနေရာမှာ အောင်မြင်အောင်လုပ်လို့ရတဲ့ဟာတွေအများကြီးပါ။ လူတွေကိုမျှော်လင့်ချက်ပဲပေးပြီးတော့ ကိုယ်လိုချင်တာရအောင်လုပ်ယူနေတာမျိုးက လူ့ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးလုပ်ငန်းမဟုတ်ဘူးလေ။

Leave a Reply