Advertisements

FB_IMG_1456395749242-e1456400766391မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅ ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၅နာရီအချိန်က ရွာသားနှစ်ဦးကို ကိုက်သောကျား အား အသေပစ်ခတ်ဖမ်းဆီးရမိ ခဲ့ကြောင်း အမှတ်(၃) နယ်ခြားစောင့် တပ်ရင်းမှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားသည်။

ရေတွင်းကုန်းကျေးရွာနေ ဦးချမ်းမြနှင့် အောင်ထွန်းလင်းတို့ သည် ငါးပိုက်ချ သွားစဉ် ကျားကိုက်ခံရခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။
ကျားကိုက်ခံရသည့် ဦးချမ်းမြသည် အသက် (၄၇)နှစ် ရှိပြီး၊ အောင်ထွန်းလင်းသည် အသက် (၁၈) နှစ်ရှိရာ ကျားကိုက်ခံရစဉ် ခါးနှင့်ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့ကာ ကော့ကရိတ်ဆေးရုံကို နံနက် ၆ နာရီအချိန်က ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ကျားကိုက်ခံရတဲ့ သတင်းကြားတာနဲ့ နယ်မြေခံတပ်နှင့်ပူးပေါင်းကာ လိုက်လံရှာဖွေစဉ် ၁၁ နာရီလောက်မှာ ရေလယ်ကုန်းကျေးရွာနဲ့ ငါးဖာလုံအကွာတွင် ကျားကို တွေ့ရှိပြီး ကျားက လူကို ခုန်ဟတ်လို့ သေနတ်နှင့် ပစ်သတ်ခဲ့တယ်” ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားသည်။

Advertisements
data-language="en"

အဆိုပါ ကျားသည် ဦးခေါင်းမှ အမြီးအထိ ရှစ်တောင်ကျော်ရှိ ကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။
အသေပစ်ခတ် ဖမ်းဆီးခဲ့သည့် ကျားကို ရေလယ်ကုန်းကျေးရွာရှိ ဘုရားဘေးတွင် မီးရှို့ရန် ဘုန်းတော်ကြီးများ၊ ရပ်ရွာဒေသခံများနှင့် တာဝန်ရှိသူတွေက စီစဉ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

Written by – ချိုချိုနိုင်

Photo – ဗိုလ်မှူးခင်မောင်ဝင်း BGF

Leave a Reply