(ဓါတ်ပုံ အညွှန်း – ကျား၊ မ ရေးရာကဏ္ဍတွင် ဘဏ္ဍာငွေ သုံးစွဲခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်နေပုံ)

ပြောင်းလဲလာသည့် ဒီမိုကရေစီအစိုးရ လက်ထက် ကော်မတီများ ဖွဲ့စည်းရာတွင် ချမ်းသားသည့် သူများကသာ ကော်မတီတွင်း အဓိက ပါဝင်နေခြင်းသည် လူထုအလွှာစုံ၏ ဘဝများနှင့် အကျိုးစီးပွားကိုလည်း ထင်ဟပ်နိုင်မည် မဟုတ်ကြောင်း ဇန်နဝါရီ ၁၅ ရက်က မော်လမြိုင်၊ ပိုင်ခေတ်ခန်းမတွင် ပြုလုပ်သော ကျား၊ မ ရေးရာကဏ္ဍတွင် ဘဏ္ဍာငွေ သုံးစွဲခြင်းဆိုင်ရာ သုတေသန တွေ့ရှိချက်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး သူများက ပြောသည်။

“အစိုးရက ဒီမိုကရေစီပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ ကော်မတီတွေ ဖွဲ့ကြတာရှိတယ်၊ ဒါပေမဲ့ ဖွဲ့လာတဲ့ ကော်မတီထဲမှာ ချမ်းသာတဲ့လူ ပါဝင်တာရှိတယ်၊ နောက်ပြီးတော့ အမျိုးသားတွေများတယ်၊ ဒါက ဘာတွေကို သွားထိခိုက်လဲ ဆိုတော့ ချမ်းသာတဲ့သူတွေက ဆုံးဖြတ်လိုက်ရင်တော့ သူတို့ရဲ့ စီးပွားရေးလုပ်ဖို့အတွက်ပဲ ဆုံးဖြတ်ချက် ချလိုက်တာများတယ်”ဟု Gender Policy Advisor Oxfam in Myanmar က Paul Minoletti က ပြောသည်။

ထို့ပြင် ကျား၊ မ ရေးရာ ကဏ္ဍတွင် ဘဏ္ဍာငွေ သုံးစွဲခြင်းဆိုင်ရာ အကြောင်းအရာများနှင့် နိုင်ငံ၏ အရေးပါသော အုပ်ချုပ်ရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်စေရန် သုတေသန တွေ့ရှိချက်များကိုလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 (ဓါတ်ပုံ အညွှန်း – ကျား၊ မ ရေးရာကဏ္ဍတွင် ဘဏ္ဍာငွေ သုံးစွဲခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်နေပုံ)

(ဓါတ်ပုံ အညွှန်း – ကျား၊ မ ရေးရာကဏ္ဍတွင် ဘဏ္ဍာငွေ သုံးစွဲခြင်းဆိုင်ရာ သုတေသနတွေ့ရှိချက်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်နေပုံ)

အလားတူ အုပ်ချုပ်ရေးပိုင်းတွင် အမျိုးသမီးများ ပါဝင်လာခြင်းအားဖြင့် ခြစားမှုကို တိုက်ဖျက်နိုင်ကြောင်းနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ အတွေ့အကြုံအရ ရပ်ကျေးကော်မတီများတွင် အမျိုးသမီးများ ပါဝင်လာခြင်းအားဖြင့် လုပ်ငန်းများ ပိုမိုအောင်မြင်လာသည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံရှိ Oxfam အဖွဲ့မှ ကျား၊ မ ရေးရာကဏ္ဍတွင် ဘဏ္ဍာငွေသုံးစွဲခြင်းနှင့် ပတ်သက်၍ Care Myanmar, Action Aid နှင့် အမျိုးသမီးများအဖွဲ့ကွန်ယက် မြန်မာတို့နှင့် ပူးပေါင်းပြီး သုတေသန စာတမ်းပြုစုခဲ့ကြောင်း Paul Minoletti က ဆိုသည်။

“အမှန်က ဖွဲ့လာတဲ့ကော်မတီက တိုင်းရင်းသားတွေကိုကြည့်ရမယ်၊ ကျား၊ မ ပါဝင်မှုကြည့်ရမယ်၊ လူကြီး၊ လူငယ်၊ အမျိုးသမီး ဒါတွေကို ကြည့်မယ်ဆိုရင် ဒါကပြည်သူလူထု ပါဝင်မှုရဲ့ အဓိပ္ပါယ်ကို သက်ရောက်မှာပေါ့” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

စာတမ်းအတွက် မတူကွဲပြားသော မြို့ပြဒေသ၊ ခြောက်သွေ့ဒေသ၊ တောင်တန်းဒေသ၊ မတည်ငြိမ်သည့် ဒေသ၊ ဖွံ့ဖြိုးရေးရှေ့ရောက်နေသည့် ဒေသများဖြစ်သော မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသများကို ရွေးချယ်ခဲ့ကြောင်း ကျား၊ မ ရေးရာ မူဝါဒအကြံပေး ဒေါ်အိပိုးဖြူက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသောအဖွဲ့များက မွန်ပြည်နယ်အခြေစိုက် NGO အဖွဲ့၊ UNDP အဖွဲ့၊ NYPO, Care Myanmar, Action Aid နှင့် မွန်အရပ်ဖက် အဖွဲ့အစည်းတို့က တက်ရောက် ဆွေးနွေးခဲ့ကြသည်။

Leave a Reply