မျောက် ၁၂ ကောင် ဟာကျားဟိန်းတဲ့အသံကို ကြားရပြီး အကြောက်လွန်ကာ နှလုံးရပ်၍ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောအုပ်ထဲမှာ အခုလိုမျိုး မျောက် တွေသေဆုံးနေတာကို ဒေသခံတွေကတွေ့တော့ အံ့သြကုန်ကြပါ တယ်။
တိရစ္ဆာန်ကု ဆရာဝန်တွေကတာ့ အဲဒီမျောက်တွေဟာ အစာ အဆိပ်သင့်တာလို့ယူဆပြီး ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။
ဒါပေမယ့် တကယ်လည်း ခွဲစိတ်စစ်ဆေးကြည့်တဲ့အခါ သူတို့ ဟာ အစာအဆိပ်မိတာမဟုတ်ဘဲ နှလုံးရပ်ပြီး သေဆုံးခဲ့တာဖြစ်တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။
မျောက်တွေဟာ ကျားဟိန်းသံကြောင့်လန့်ပြီး နှလုံးရပ်သွားခဲ့ တာပဲဖြစ်တယ်လို့ တိရစ္ဆာန်ကုဆရာဝန်တွေက ကောက်ချက်ချခဲ့ ပါတယ်။
ဒေါက်တာ ဆန်ဂျီးကူမာကတော့“မျောက်တွေဟာ နှလုံးရပ် ပြီးသေဆုံးခဲ့တာ ဖြစ်တယ်ဆိုတာ ရင်ခွဲစစ်ဆေးကြည့်လို့ သိရပါ တယ်။ အဲဒီဒေသမှာ
ကျားတွေပေါတဲ့အတွက် ကျားဟိန်းသံကို လန့်ပြီး သေတာလည်းဖြစ်နိုင်ပါတယ်’ လို့ မှတ်ချက်ပေးပါတယ်။
ရွာသားတွေကလည်း အဲဒီဒေသမှာ ကျားတွေပေါကြောင်း၊ မျောက်တွေသေဆုံးချိန်လောက်မှာ ကျားဟိန်းသံတွေကြားခဲ့ရ ကြောင်း ပြောကြားခဲ့ကြပါတယ်။
Source: Mirror