Advertisements

မော်လမြိုင်၊ သြဂုတ် ၅

ကျိုက်ထိုမြို့နယ်ကို ပထမဦးဆုံး မွေးမြုုကုန်ထုတ်ရောင်းဝယ်ရေး မော်ဒယ်မြို့အဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဟန်က ဟသ๎ာမီဒီယာသို့ပြောကြားသည်။

အဆိုပါ မြို့နယ်သည် မွန်ပြည်နယ်၏ ဝင်ပေါက် တစ်ခုဖြစ်သည့် အလျောက် မော်ဒယ်မြို့နယ် အဖြစ် ဖော်ဆောင်ရန် ကိုယ်စားပြုသော သမဝါယမ အသင်းများ ရှိနေသည့်အပြင် ဖွံ့ဖြိုးမှုအတွက် လမ်းစဖြစ်နေသည်ဟု ၎င်းက ပြောဆိုသည်။

မော်ဒယ်မြို့အဖြစ် ဖော်ဆောင်ရခြင်းမှာ မွေးမြူရေး ထုတ်ကုန်များကို အသင်းအနေဖြင့် စာသုံးသူ လက်ထဲ ပစ္စည်းမှန် ဈေးမှန်အတိုင်း ရောက်ရှိရန် ရည်ရွယ်ပြီး Holding Market အထိ ရောက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ခြားမြို့နယ်တွေလည်း ရွေးမယ် ဒီဟာ ပထမဆုံးပဲ ဒီဟာပြီးအောင်လုပ်မယ် ပြီးမှ ဖြည်းဖြည်းချင်းသွားမယ် ဆယ်မြို့နယ်လုံးလုပ်မယ် သမဝါယမအသင်းရဲ့သဘောက မော်ဒယ်ဖြစ်အောင်လုပ်ဖို့ဆိုတာ နှစ်ကန့်သတ်ဖို့နည်းနည်းခက်တယ်”ဟု ဦးလှဟန်က ဆိုသည်။

လက်ရှိတွင် မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကျပ်သိန်း ၄၅၀ ကျော် ချပေးထားပြီး ၊ ကျပ် ၁ ဒသမ ၂ ဘီလီယံ ကျော်အထိ ချပေးရန် သမဝါယမဦးစီးဌာနကို တင်ပြထားကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် မွေးမြူရေးမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို သိုလှောင်နိုင်ရန် အေးထား စက် ပစ္စည်းများကိုပါ ဝယ်ယူသွားမည့်အပြင် စားသုံးသူများထံ မိုဘိုင်းစနစ်ဖြင့် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

ဂေထော

Advertisements
<

Leave a Reply