ကျိုက်ထိုမြို့နယ်မှ ထွက်ရှိသောကွမ်းရွက် ဈေးနှုန်းများတစ်ပိဿာ လျှင် ၉၀ရာခိုင်နှုန်းကျော်ဈေးကျဆင်း ၍ ကွမ်းစိုက်တောင်သူများအခက်တွေ့ နေကြောင်းကျိုက်ထိုမြို့နယ် ရှိကွမ်းခြံပိုင်ရှင်များ က ဆိုသည်။

khun

ဇွန်လနောက်ဆုံးပတ်ထိကျိုက်ထိုကွမ်းတစ်ပိဿာလျှင် ၃၉၀ဝ ကျပ်ထိဈေးရသော်လည်းဇူလိုင်လ ၆ ရက်နေ့ တွင်မှု တစ်ပိဿာ လျှင် ကျပ် ၄၀ဝ ကျပ်သာရှိ ခြင်းကြောင့် ကွမ်းရွက် ဈေးနှုန်း ၉၀ ရာခိုင်ခိုင်နှုန်းကျော် ကျဆင်းသွားခြင်း ဖြစ်သည်။

ယခင်ကကျိုက်ထိုထွက်ကွမ်းရွက်များကိုရန်ကုန် နှင့် မော်လမြိုင်ကဲ့သို့ မြို့များကိုတင်ပို့ရောင်းချခဲ့ ပြီးယခုအခါ ကွမ်းစားမှု လျှော့ချရေး နှင့် ကွမ်းတွံတွေးထွေးခြင်းပပျောက် ရေးစီမံချက်များရှိနေခြင်းကြောင့် အဝယ် နည်းလာပြီးဈေးနှုန်းကျဆင်းလာ ခြင်းဖြစ်ကြောင်းစွပ္ပနူးကျေးရွာမှကွမ်းခြံပိုင်ရှင်ဦးသံချောင်းကပြောသည်။

ကျိုက်ထိုကွမ်းရွက်ဈေးမှာဇန်နဝါရီလတွင် တစ်ပိဿာ ၄၄၀ဝ ကျပ်ထိရှိခဲ့ပြီးဇွန်လ ၅ ရက်နေ့တွင် တစ်ပိဿာ ၄၀ဝ၀ ကျပ်ရှိခဲ့ကြောင်း၊ ဇွန်လ ၁၀ ရက်နေ့မှ စ၍ ကွမ်းရွက်ဈေးမှာတစ်စတစ်စထိုးကျခဲ့ရာဇူလိုင်လပထမအပတ်တွင် တစ်ပိဿာ ၄၀ဝ ကျပ်အထိထိုးကျခဲ့ကြောင်းကျောက်ရေတွင်းကျေးရွာမှ ကွမ်းရွက်ဒိုင် ဦးသန်းနိုင်ကဆိုသည်။

“လက်ရှိအချိန်မှာကွမ်းဈေးကျသလိုကွမ်းပင် သေတာလည်းများတယ်၊ ကွမ်းပင်တိုင် ၁၀ဝ၀ ကိုအရင်း ဆယ်သိန်းရှိတယ်၊ မိုးရွာရင် ကွမ်းအထွက်များတော့ ဈေးကျတယ်၊ မိုးများရင် အပင် သေတယ်၊ ဈေးလည်းကျ အပင်လည်းသေတော့ ခြံသမားတွေ အထိနာတာပေါ့”ဟုကွမ်းရွက်ဒိုင် ဦးသန်းနိုင်ကဆက်လက်ပြောသည်။

ကျိုက်ထိုမြို့နယ်မှထွက်ရှိသောကွမ်းရွက်များကိုမွန်ပြည်နယ်အတွင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးသို့ တင်ပို့ကြကြောင်းကျိုက်ထိုမြို့နယ် ကွမ်းရွက်ဒိုင်များထံမှ သိရသည်။

Leave a Reply