ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၁ ။ ။ ကျိုက်ထိုမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးရွာများ အနက်မှ ကျေးရွာအချို့ ကို ယခုနှစ်အတွင်း လျှပ်စစ်မီး ရရှိရန်စီစဉ် လျက်ရှိကြောင်း ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးမောင်မောင်စိုးက ပြောကြားသည်။

ကျိုက်ထိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားမရရှိသေးသော ဝါးဒတ်ကွင်း၊ သဲဖြူချောင်း၊ အင်းဝ၊ ကြာဖြူ၊ ပျဉ်းကတိုးကုန်း၊ အင်္ဂဘို၊ ဘိုက္ကားစသည့်ကျေးရွာများကို လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

ယခုလက်ရှိတွင် သစ်ဆိပ်ပင်ကျေးရွာ၊ သထုံစု၊ ကမ်းနီကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိစေရန် စီစဉ် ဆောင်ရွက်နေပြီး ၊လျှပ်စစ်ဓာတ်အားရရှိပြီး ထရန်စဖော်မာ မလုံလောက်သေးသော ကျေးရွာများကိုလည်း ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
kyaik-hto
ကျေးရွာပေါင်း ၂၄ ရွာ အတွက် ၂၀၁၅ ခုနှစ်အတွင်း ထရန်စဖော်မာ ၄၂ လုံးကို ကျေးရွာများ၏ ကိုယ်ထူကိုယ်ထ မီးလင်းရေးနှင့် ဌာန အစီအစဉ်ဖြင့် တည်ဆောက်ပြီး လျှပ်စစ်မီးသုံးသူ ဦးရေ ၅၇၂၇ အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျိုက်ထိုမြို့နယ်တွင် ကျေးရွာပေါင်း ရ၇ ရွာရှိပြီး လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများလည်း ကျန််ရှိနေကြောင်း၊ အဆိုပါ ကျေးရွာများ လျှပ်စစ်မီးရရှိစေရန် ဆက်လက် ဆောင်ရွက်နေကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်နိုင်ကြီးကျေးရွာဘက်တွင် မဟာဓာတ်အားလိုင်း တစ်လိုင်း တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

Leave a Reply