(ဓါတ်ပုံ အညွှန်း – ၁၂ ဘီးယာဉ်နှင့် တိုက်မိသည့် မော်တော်ဆိုင်ကယ်ကို ရန်ကုန်-မော်လမြိုင် အမြန်လမ်းပေါ်တွင် မြင်တွေ့ရစဉ်)

ကျိုက်ထို၊ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်လမ်းရှိ ဒေါ်ပညာစာရီစာသင်တိုက် ရှေ့တွင် ဇန်နဝါရီ ၈ ရက် ည ၁၁ နာရီခွဲခန့်က NISSAN ၁၂ ဘီးယာဉ်နှင့် Dream 110 မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် မော်တော်ဆိုင်ကယ်မှ စီးနှင်လာသူနှစ်ဦးသည် သေးဆုံးခဲ့ရကြောင်း ကျိုက်ထို မြို့မရဲစခန်းမှ သိရသည်။

(ဓါတ်ပုံ အညွှန်း – ၁၂ ဘီးယာဉ်နှင့် တိုက်မိသည့် မော်တော်ဆိုင်ကယ်ကို ရန်ကုန်-မော်လမြိုင် အမြန်လမ်းပေါ်တွင် မြင်တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – ၁၂ ဘီးယာဉ်နှင့် တိုက်မိသည့် မော်တော်ဆိုင်ကယ်ကို ရန်ကုန်-မော်လမြိုင် အမြန်လမ်းပေါ်တွင် မြင်တွေ့ရစဉ်)

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်းနှင့် ဆိုင်ကယ်အနောက်တွင် လိုက်ပါစိးနှင်းသူတို့သည် ပြင်းထန် ဒဏ်ရာ ရရှိခဲ့သဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ တင်ပို့လိုက်စဉ် ဆေးရုံးအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သော ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းလာသူ၏ အမည်နှင့် နေရပ်လိပ်စာကို စုံစမ်းနေဆဲဟု ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က ပြောသည်။

မော်တော်ဆိုင်ကယ်သည် မော်လမြိုင်ဘက်မှ မောင်းနှင်လာခြင်းဖြစ်ပြီး ၁၂ ဘီးယာဉ်သည် ရန်ကုန်ဘက်မှ မောင်းနှင်လာခြင်းဖြစ်ပြီး ၁၂ ဘီးယာဉ်မောင်း ဦးအောင်သက်ထွေး (ခ) အညာသားသည် ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာမှ ၁၂ ဘီးဘီးယာဉ်ကို ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာ၊ တလမွန် စားသောက်ဆိုင်အနီး မောင်းနှင်သွားပြီး ယာဉ်ကိုထား၍ ထွက်ပြေးတိမ်ရှောင်သွားကြောင်း ၎င်းက ဆိုသည်။

ယာဉ်တိုက်မှုကို သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်း ဦးအောင်သက်ထွေးနှင့် ဆိုင်ကယ်ယာဉ်မောင်းတို့ကို ဥပဒေအရ အရေးယူပေးရန် ကျိုက်ထိုမြို့မ ရဲစခန်းမှ (ပ) ၄/၂၀၁၆ ပြစ်မှုပုဒ်မ-၃၃၈/၂၇၉ ဖြင့် အမှုဖွင့် ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

Leave a Reply