Advertisements

မော်လမြိုင်၊ မတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထွက် ကွမ်းရွက်များ ဈေးထက်ဝက်နီးပါး ကျဆင်းလျက်ရှိကြောင်း ကျိုက်ထိုြမို့နေ ကွမ်းရွက်ရောင်းဝယ်သူ ဦးအောင်ဆန်းဝင်းက ပြောကြားသည်၊၊

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်တွင် ယာကွမ်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ဈေးနှုန်းမြင့်တက်မှုရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၂၇ရက်တွင် ယာကွမ်းတစ်ပိဿာလျှင် ၄၅၀၀ ကျပ်သာ ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းခဲ့ကြောင်း ၎င်းက ဆိုသည်၊၊

“ကွမ်းဈေးကတော့ အခုဒီရက်ထဲမှာ တော်တော်ကို ကျတာ ။ကွမ်း အချိန်တစ်ရာကို ၅သိန်း ၆သိန်းကျတယ် ။ယာကွမ်းက ၄သိန်းခွဲလောက်ပဲရှိတယ်” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။ ပြီးခဲ့သည့်နှစ် ယခုရာသီအချိန်တွင် ကွမ်းဈေးများ ဈေးနှုန်းကျဆင်းမှုမရှိသလို မိုးရာသီရောက်မှသာ ဈေးနှုန်းများငြိမ်သက်လေ့ရှိကြောင်း ၎င်းက ဆိုသည်၊၊

ယခင်က ရခိုင်၊ချောက်၊ ရေနံချောင်းမြို့နယ်များက ကျိုက်ထိုထွက်ကွမ်းရွက်များကို ဝယ်ယူခဲ့ရာမှ ယခုအချိန်တွင် တောင်တွင်းကြီး၊ မုံရွာ၊ ပျော်ဘွယ်ဒေသရှိ ကွမ်းရွက်များ ပြန်လည်ထွက်ရှိလာပြီဖြစ်သည့်အတွက် ယင်းဒေသထွက်မှာ ကျိုက်ထိုနယ်ထွက်နည်းတူဖြစ်ပြီး အရည်အသွေး ကွာခြားမှုမရှိသဖြင့်ယင်းဒေသထွက်ကွမ်းများကိုသာ ဝယ်ယူသည့်အတွက် ကွမ်းဈေးကျခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ကျိုက်ထိုထွက်ကွမ်းရွက်များကို တရုတ်ဘက်မှ ဝယ်ယူမှုမရှိသည့်အတွက် ကွမ်းရောင်းဝယ်မှု အေးနေပြီး ရွက်နုရာသီအချိန်ဖြစ်သည့်အလျောက် အခြားနယ်များမှလည်း ကွမ်းရွက်များ ထွက်ရှိလာမည်ဖြစ်သည့်အတွက် ကွမ်းရွက်ဈေးနှုန်းများ ဆက်လက်ကျဆင်းမည့်အလားအလာရှိကြောင်း ဦးအောင်ဆန်းဝင်းက သုံးသပ်သည်၊၊

ကျိုက်ထိုထွက်ကွမ်းရွက်များ တစ်ပိဿာချင်းအလိုက် လက်ရှိပေါက်ဈေးမှာ စားကွမ်း ၆၀၀၀ ကျပ်၊ ရွက်စားကွမ်း ၆၅၀၀ ကျပ်အထိသာ ပေါက်ဈေးရှိနေသည်၊၊

Written by ဂေထော

Advertisements
<

Leave a Reply