( ဓာတ်ပုံ အညွှန်း – ဆိုင်ကယ်နောက်တွဲဖြင့် ရေရောင်းချရန် ရေဖြည့်နေစဉ် )

ကျိုက်ထို၊ ဖေဖေါ်ဝါရီ ၂၄ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ် ရပ်ကွက်အချို့ တွင်းရေ ပြတ်လပ်မှု အခက်အခဲများ စတင်ကြံုတွေ့နေရကြောင်း တွင်းရေ ပြတ်လပ်မှုဖြစ်ပေါ်နေသည့် ဇေယျာမွန်ရပ်ကွက်နေ ဒေါ်ခင်ဝင်းက ပြောသည်။

“တွင်းရေ မရတော့တာ အစ်မတို့ဆီမှာဆို ၁၀ ရက်လောက်ရှိပြီး နွေရာသီ ဒီလိုအချိန်ဆို အမြဲတမ်း ဖြစ်နေကျပဲ ဝယ်မသုံးလို့မှ မဖြစ်တာ ဒီလိုပဲ ဝယ်သုံးရတာပေါ့ ဆိုင်ကယ်နဲ့ နောက်တွဲပါ တစ်စီးကို တစ်ထောင်ကျပ် ပေးရတယ် တစ်နေ့ကို နှစ်ကြိမ်လောက်ဝယ်သုံးရတယ် နောက်ပိုင်းဆို ၁၂၀၀ ကျပ် လောက်ထိဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကျိုက်ထိုမြို့ရေရှားပါးပြတ်လပ်မှု အခက်အခဲဖြစ်ပေါ်ပါက ရေပြက်လက်မှုနှင့် ပက်သက်၍ ဆက်သွယ်လာလျှင် လုပ်ဆောင်ပေးသွားရန် စီစဉ်ထားကြောင်း၊ ယခုအချိန်ထိ တောရွာများတွင် ရေခမ်းခြောက်မှု မရှိသေးကြောင်း နှင့် ရေခမ်းခြောက်မှု ဖြစ်ပေါ်နေသော ရွာများသို့ ဂါလန် ၁၂၀၀ ဆံကားများဖြင့် ပေးပို့ပေးရန်စီစဉ်ထားကြောင်း ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန မှ ဦးမိုးဝင်း က ပြောကြားသည်။

( ဓာတ်ပုံ အညွှန်း – ဆိုင်ကယ်နောက်တွဲဖြင့် ရေရောင်းချရန် ရေဖြည့်နေစဉ် )
( ဓာတ်ပုံ အညွှန်း – ဆိုင်ကယ်နောက်တွဲဖြင့် ရေရောင်းချရန် ရေဖြည့်နေစဉ် )

လက်ရှိတွင် သောက်သုံးရေ ပြတ်လပ်မှုမှာ အနည်းစုသာ ဖြစ်ပေါ်လျက်ရှိပြီး မတ်လပိုင်း အကုန်လောက်တွင် တစ်ရပ်ကွက်လုံးနီးပါး တွင်းရေ ခန်းခြောက်မှု ဖြစ်ပေါ်တတ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက် အချို့ဖြစ်သည့် ဇေယျာမွန်ရပ်ကွက် အပေါ်ပိုင်းလမ်းများ၊ တောင်သူစုရပ်ကွက်ရှိ ဘူတာပိုင်း၊ အောင်ချမ်းသာ၊ အောင်မင်္ဂလာ၊ ဘောကွင်းစု၊ ကြာဖြူစု စသည့် နေရာများတွင် နှစ်စဉ် နွေရာသီ ရောက်ချိန်တိုင်း တွင်းရေ ခန်းခြောက်မှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့်် ဝယ်ယူ သုံးစွဲနေရကြောင်း ဒေသခံများမှ သိရသည်။

ရေခမ်းခြောက်မှုများအတွက် ရပ်ကွက်အချို့နှင့် ကျေးရွာများသို့ ရေရှားပါးသည့် ဧပြီလ၊ မေလများတွင် ကားများဖြင့် လာရောက်လှူဒါန်းသူများ ရှိကြောင်း သိရသည်။

Leave a Reply