Advertisements

သထုံ၊ အောက်တိုဘာ ၁၃ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှောင်လမ်းဖောက်လုပ်ရေး မြေယာလျော်ကြေးပေးရန် ညှိနှိုင်းမှုများပြုလုပ်နေပြီး လျော်ကြေးကိစ္စအဆင်ပြေပါက ယခုနှစ်အတွင်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သထုံခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ကျိုက်ထိုမြို့ကို ရှောင်ကွင်းသွားလာနိုင်မည့်လမ်းဖောက်လုပ်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြေတိုင်းတာ ခြင်း၊ လမ်းကြောင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသော်လည်း လမ်းဆောင်ရွက်ရန်မလွတ်သော မြေယာ များအား လျော်ကြေးပေးရေးကိစ္စကို တောင်သူများနှင့် ညှိနှိုင်းမှုများပြုလုပ်နေရပြီး ပြေလည်မှုမရသေးသဖြင့် လုပ်ငန်းဆောင်ရွက်ရန်ကြန့်ကြာနေခြင်းဖြစ်ကြောင်း သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

“လမ်းဖောက်မယ့်နေရာမှာ မလွတ်တဲ့မြေတွေရှိတယ်။ သူတို့တွေနဲ့ ညှိနှိုင်းတဲ့အခါမှာ တချို့က လမ်းကိုသာလုပ် ပါ၊ လျော်ကြေးမယူဘူးပေါ့။ အချို့ကျတော့လည်း ယူမယ်ပေါ့။ ယူမယ့်သူတွေအတွက်ကိုတော့ အကြိမ်ကြိမ်ညှိ နှိုင်းဆောင်ရွက်မှုတွေလုပ်နေတယ်။ သူတို့နဲ့ လျော်ကြေးကိစ္စအဆင်ပြေသွားရင်တော့ လမ်းဖောက်လုပ်ဖို့က အမြန်ဆုံးအကောင်ထည်ဖော်သွားဖို့ပဲကျန်တယ်။”ဟု ဦးတေဇာအောင်က ပြောသည်။

လမ်းဖောက်လုပ်ပြီးစီးသွားပါက တောတောင်ရေမြေသဘာဝများအား ခရီးသွားများကိုပြသနိုင်မည်ဖြစ်ကာ ခရီး သွားလုပ်ငန်းပိုမိုတိုးတက်လာပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း ဦးတေဇာအောင်က ပြောသည်။

မြို့ရှောင်လမ်းဖောက်လုပ်မည်ဆိုပါက ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ လက်ပြကျေးရွာအနီးမှ မြို့အရှေ့ ဘက်လမ်းကြောင်းအတိုင်း ကျိုက်ထို-ကင်မွန်းစခန်းလမ်းသို့ တိုက်ရိုက်ပေါက်မည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်မည့်ဧရိယာနှင့် မလွတ်သောမြေများတွင် ဂရန်မြေများ၊ စိုက်ပျိုးမြေများပါဝင်နေသောကြောင့် သီးနှံလျော်ကြေးပေးရေး၊ မြေယာတန်ဖိုးပေးလျော်ရေးနှင့် အဆောက်အဦးများရှိပါက ရွှေ့ပြောင်းစရိတ်များ ပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်မည့်ဧရိယာနှင့် မလွတ်ကင်းသော တောင်သူ(၄၁)ဦး၏မြေ(၄၉.၇၁)ဧကအတွက် ပေးဆောင်ရ မည့် လျော်ကြေးများနှင့် လမ်းဖောက်လုပ်မည့်ကုန်ကျစရိတ်များစုစုပေါင်းမှာ ကျပ်သန်းပေါင်း(၅၀၀၀)ခန့်ရှိနိုင် ကာ လျော်ကြေးကိစ္ဓနှင့်ပတ်သက်၍ တန်ဖိုးတွက်ချက်ကာ အဆင့်ဆင့်တင်ပြဆောင်ရွက်နေပြီး နှုန်းထားတစ်ခု သတ်မှတ်ပေးဆောင်ရန်စီစဉ်နေကြောင်း သိရသည်။

Written by – MMK

 

Advertisements
<

Leave a Reply