Photo-Yoon Wati Lwin Moe Facebook
Photo-Yoon Wati Lwin Moe Facebook
Photo-Yoon Wati Lwin Moe Facebook

ရန်ကုန်၊ ဇန်နဝါရီ ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းပွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် ၁၇၆ ( က ) ဇရပ်ကွင်းနှင့်ပတ်သက်ပြီးပုဂ္ဂိုလ်ရေးထိပါးလာပါက ပြင်းပြင်းထန်ထန်တရားဆွဲဆိုသွားမည်ဟု ယနေ့နေ့လယ် သုံးနာရီက ရန်ကုန်မြို့ Orchid Hotel တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရုပ်ရှင်သရုပ်ဆောင်ဦးလွင်မိုးက ဆိုသည်။

 

အဆိုပါမြေကွက်လပ်ကို ၂၀၁၆ ခုနှစ် အတွင်းက ကိုကျော်သူရလှိုင်ဆိုသူထံမှ ငွေကျပ်သိန်းသုံးထောင်ကျော်ဖြင့် ဟိုတယ်ဆောက်လုပ်ရန်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းမြေကွက်လပ်၏ မူလပိုင်ရှင်ဟုဆိုသူ ဦးစောနေဗူလုက ဝင်ရောက်ခြံခတ်ခြင်းများပြု လုပ်ခဲ့သည်ဟု ၄င်းကဆိုသည်။

 

ယင်းအပြင် ဇန်နဝါရီလ ၅ ရက်နေ့တွင် အဆိုပါမြေကွက်လပ်ကိစ္စနှင့်ပတ်သက်ပြီး မိမိကြောင့်နစ်နာရသည်ဟုဆိုကာ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်ဟု ၄င်းကဆိုသည်။

 

”အမှန်တိုင်းဘဲဖြစ်ချင်တယ် ကျွန်တော်ပုဂ္ဂို လ်ရေးတွေ personal ကိစ္စတွေထိပါးလာရင် အပြင်းအထန်တရားဆွဲချင်တယ် ကျွန်တော်ကတော့ဒါဘဲလုပ်ချင်တယ် တရားဥပဒေအတိုင်းဘဲသွားရမှာ ကျွန်တော့် မိသားစုမှာလည်း လုံခြုံ မှုမရှိလောက်ဘူးလို့ခံစားရတယ်”ဟု ၎င်းကဆိုသည်။

 

ယင်းကဲ့သို့ခြံခတ်ခြင်းကို သက်ဆိုင်ရာကို အကြောင်းကြားအသိပေးခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့က စောနေဗူလုကို တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခဲ့သည်ဟု ကြားသိရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

 

ယခုလို အဖမ်းခံရခြင်းနှင့် ပတ်သက် ပြီး ဦးလွင်မိုးသည် နယ်ခြားစောင့်တပ် BGF နှင့်ပူးပေါင်းအမှုဆင်ပြီး ဖမ်းဆီးခြင်းဖြစ်သည်ဟု စောနေဗူလုက ပြောလာခြင်းကြောင့် မိမိနာမည်ဖြင့် ပုဂ္ဂို လ်ရေးကိုထိပါးလာသောကြောင်း ဦးလွင်မိုးကဆိုသည်။

 

”အရင်ပိုင်ရှင်က နှစ်ရှည်လများ အပင်စိုက်ပြီးနေလာတာ သူ့ရာဘာတွေတောင်အစီးခြစ်လို့တောင်ရနေပြီ အဲ့ဒီတုန်းကတော့ဘာမှမဖြစ်ဘဲ အခုကျွန်တော်ဝယ်မှဖြစ်တယ်ပြီးတော့ ကျွန်တော်တို့ကသူ့ကို BGF နဲ့ပူးပေါင်းအမှုဆင်ပြီးဖမ်းရအောင် BGF တို့ ဘာတို့က အဖွဲ့အစည်းတွေလေ ကျွန်တော်ကဘယ်လိုလုပ်အမှုဆင်ဖမ်းမလဲ”ဟု ၄င်းကဆိုသည်။

 

ယင်းစောနေဗူလုဆိုသူသည် ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗိုလ်မှူ းအဆင့်ရှိသူဖြစ်ပြီး အဆိုပါမြေကွက်လပ်ကိစ္စနှင့်ပတ်သက်ပြီးတွေ့ဆုံရှင်းလင်းပေးရန် ဒီဇင်ဘာ ၃၁ ရက်နေ့က၄င်းမှစာပို့လာကြောင်း ဦးလွင်မိုးကဆိုသည်။

 

ယင်းကဲ့သို့ KNU ကရင်အမှတ်အသားတံဆိပ်ဖြင့် စာပို့လာသည့် ဗိုလ်မှူ းအဆင့်ရှိသူဟု ဆိုသူ စောနေဗူလု အကြောင်းကို ဘားအံရှိ KNU ဆက်ဆံရေးရုံးနှင့် ကျိုက်ကော်ရှိ KNU ဆက်ဆံရေးရုံးတို့တွင်ဆက်သွယ်စုံစမ်းရာ အဆိုပါ နာမည် ရာထူးဖြင့်လူမရှိကြောင်းပြောသည်ဟု ၄င်းကဆိုသည်။

 

ယင်းကျိုက်ထိုမြို့နယ် ကင်းပွန်းချောင်းကျေးရွာရှိ အဆိုပါ မြေကွက်လပ်ကို ရောင်းချသူ ဦးကျော်သူရလှိုင်က ” ဒီမြေကွက်လပ်ကို ကျွန်တော် တရားဝင် နိုင်ငံတော်ကပြဌာန်းထားတဲ့ မြေယာပိုင်ဆိုင်မှု ပုံစံ (၇) ဥပဒေအတိုင်းပိုင်ဆိုင်တာပါ မြေပြင်ပိုင်ဆိုင်မှုရောစာရွက်စာတမ်းအထောက်အထားတွေရှိပါတယ်ရှိတယ်” ဟုပြောကြားသည်။

Leave a Reply