မော်လမြိုင်၊နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီသို့သွားရောက်ရာ ကျိုက်ထို-ကင်မွန်းစခန်းနှစ်လမ်းသွားယာဉ်လမ်းကို လေးလမ်းသွားယာဉ်လမ်းအဖြစ် တိုးချဲ့နေခြင်းအားစတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

km

“ဒီဘဏ္ဍာနှစ်မှာလေးမိုင်နဲ့ နှစ်ဖာလုံလောက် အပြီးသတ်လုပ်ဆောင်ဖို့ရှိတယ်၊ မူလလမ်းအကျယ်၂၄ ပေကို၄၈ ပေအထိတိုးချဲ့ဖောက်လုပ်သွားမှာဖြစ်တယ်”ဟု၎င်းက ဆိုသည်။

ကျိုက်ထို-ကင်မွန်းစခန်းလမ်းကို လေးလမ်းသွားအဖြစ် လမ်းတိုးချဲ့ဖောက်လုပ်မှုအတွက် ယခုဘဏ္ဍာနှစ်တွင် တစ်ဝက်ခန့်သာ ပြီးစီးနိုင်မည်ဖြစ်ပြီး ထိုလမ်းဖောက်လုပ်မှုအတွက် ပြည်နယ်ဘတ်ဂျက်မှ ကျပ်သန်း၂၉၅၀ ကိုအသုံးပြု၍ လမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ လေးလမ်းသွားတိုးချဲကဖောက်လုပ်ရန် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြေသားတာဘောင် တိုးချဲ့ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း၎င်းက ရှင်းပြပြောဆိုသည်။

ကျိုက်ထို-ကင်မွန်းစခန်း၏ ကားလမ်းအရှည်မှာကိုးမိုင်ခန့်ရှိပြီး ဘုရားဖူးလာရောက်မှုများသည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ဘုရားဖူးခရီးသည်ကားများလာရောက်မှုများပြားခြင်းကြောင့် အဆိုပါလမ်း၏ နှစ်မိုင်ဝန်းကျင်ခန့်သည်ယာဉ်တန်းများလမ်းပိတ်ဆို့လေ့ရှိပြီးယခုကဲ့သို့ လေးလမ်းသွားဖောက်လုပ်ပြီးစီးပါကဘုရားဖူးများအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ကြောင်းကျိုက်ထိုမြို့ခံများထံမှ သိရသည်။

Written by -ဟိန်းထက်

Leave a Reply