Advertisements

မော်လမြိုင်၊ သြဂုတ် ၁

ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့နယ်အကြားတွင် သြဂုတ်၁ ရက် နံနက် ၁၁ နာရီခွဲခန့်က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်များ တင်ဆောင်လာသည့် မိုးကောင်းကင် (Express ) မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရန်ကုန်ကလူနာသွားကြိုရင်း တွေ့ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရတဲ့ လူနာက တစ်ယောက်ပါပဲ။ အသက်အန္တရာယ်တော့ စိုးရိမ်စရာရှိပါဘူး။ ကျန်တဲ့ ခရီးတွေကတော့ အထိတ်လန့် ဖြစ်သွားတာလောက်ပါပဲ” ဟု ပေးဆပ်သူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုနေလင်းအောင်က ပြောသည်။

မော်လမြိုင်မှ ရန်ကုန်မြို့သို့ ခရီးသည့် ၁၃ ဦး လိုက်ပါလာသော မိုးကောင်ကင်း ခရီးသည်တင် မှန်လုံယာဉ်သည် ယာဉ်မောင်းနှင်သူမှ ယာဉ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဘီးလင်းမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိနေကြောင်း ဘီးလင်းမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော်လေးက ပြောသည်။

ခေတ်မင်း

Advertisements
<

Leave a Reply