မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိကျိုက်ထီးရိုးစေတီတွင် အမှိုက်မီးရှို့စက် ၂လုံးထား ရှိရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်ကဇွန်လ ၁၁ ရက်နေ့ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းအဆိုပါ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသိန်းမြင့်က ပြောဆိုသည်။

kty meeting

“အခုလက်ရှိရင်ပြင်တော်ပေါ်မှာတစ်လုံးရှိတယ်၊ ဒါပေမယ့် အဲ့ဒါကနည်းနည်းသေးနေတယ်၊ ဒီတောင်
ပေါ်ကအမှိုက်တွေကိုတော့ ကားနဲ့သယ်ပြီးကင်မွန်းစခန်းကနေ ၃မိုင်ခန့်ကွာဝေးတဲ့နေရာမှာစွန့်ပစ်တယ်၊
ဝန်ကြီးချုပ်ကတော့ မီးရိူ့စက်၂ခုထားဖို့မှာခဲ့တယ်၊ဒါပေမယ့် မိုးရာသီဆိုတော့ အမှိုက်မီးရှို့ဖို့အဆင်မပြေဘူး
ပွင့်လင်းရာသီရောက်မှ ညှိုနှိုင်းရမှာပေါ့ ”ဟု၎င်းကပြောသည်။

ကျိုက်ထီးရိုးစေတီတော်သန့်ရှင်းစေရေးအတွက်အမှိုက်မီးရှို့စက်များကိုရင်ပြင်တော်ပေါ်တွင်တစ်လုံးနှင့်ကင်မွန်းစခန်းတောင်ခြေတွင်တစ်လုံးထားရှိသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်ကထည့်သွင်းပြောဆိုခဲ့ကြောင်း၎င်းကပြောသည်။
ထို့အပြင် ကျိုက်ထီးရိုးစေတီတော်ရေရှည်တည်တံ့စေရေးအတွက်အဆောက်အအုံများအသစ်ထပ်မံဆောက်လုပ်ခြင်း၊တိုးချဲ့ခြင်း၊ခွင့်မပြုဖို့ ညွှန်ကြားခဲ့ကြောင်း၎င်းကပြောဆိုသည်။

“အဆောက်အအုံတိုးချဲ့တာထပ်မံဆောက်လုပ်တာတွေ ကျွန်တော်တို့ဂေါပကအဖွဲ့ လက်ထက်မှာဆောက်လုပ်ထားခြင်းမရှိခဲ့တဲ့အကြောင်းဝန်ကြီးကိုရှင်းလင်းပြောဆိုတာနောက်တစ်ခုကရင်ပြင်တော်ကအမှိုက်တောင်ခြေမှာစွန့်ပစ်ဖို့တွက် လိုအပ်တဲ့အမှိုက်ကားနှစ်စီးတင်ပြတောင်းဆိုထားကြောင်းကိုတွေ့ဆုံပွဲမှာပြောဆိုခဲ့ပါတယ်”ဟု ၎င်းက ဟင်္သာမီဒီသာသို့ပြောဆိုသည်။

ကျိုက်ထီးရိုးတောင်ပေါ်အမှိုက်စွန့်ပစ်မှုနှင့်ပက်သက်၍ အဖွဲ့ဝင် ၁၂ ဦးဖြင့် ဆပ်ကော်မတီတစ်ခုဖွဲ့စည်းထားကာဂေါပကအတွင်းရေးမှူးဦးသိန်းမြင့်ဦးဆောင်၍ ကင်မွန်းစခန်းနှင့် သုံးမိုင်ခန့်ကွာဝေးသောနေရာတွင် စွန့်ပစ်မှုကိုဆောင်ရွက်လျက်ရှိကြောင်းဂေါပကအဖွဲ့ဝင်တစ်ဦးကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်သည် ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည့် ဈေးဆိုင်ခန်းများအားတိုးချဲ့လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိစေရေးနှင့် ကျိုက်ထီးရိုးစေတီတော်တွင် သန့်ရှင်းရေးဝန်ထမ်းများကိုလုံလောက်သည်အထိတိုးချဲ့ခန့်ထားပြီးအများသုံးသန့်စင်ခန်းများကိုဧည့်သည်အချိုးအစားနှင့်အညီထားရှိရန်မှာကြားခဲ့ကြောင်း၎င်းထံမှ သိရသည်။

Leave a Reply