Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၇

ကျိုက်ထီးရိုးဂေါပကအဖွဲ့ စီမံအုပ်ချုပ်မှု လျော့ရဲအားနည်းနေသည့်အချက်များကို မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးရေး တိုက်တွန်းကြောင်းအဆိုကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမအကြိမ်ပုံမှန်အစည်းအဝေးတွင် တင်သွင်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။

“လတ်တလောမှာ အဲဒီနေရာက ဘာမဖြစ်သေးရင်တောင်မှ နောင်တစ်ချိန်ကျရင် ဆိုးဆိုးဝါးဝါးဖြစ်လာ နိုင်မယ့် အမှိုက်ပြဿနာတွေ သန့်ရှင်းသာယာလှပရေးပြဿနာတွေ ကြုံတွေ့လာနိုင်တယ်။ အခုလည်း အထိုအ လျှောက် ကြုံတွေ့နေရတာပဲ။ မကြုံတွေ့တာတော့ မဟုတ်ဘူး။ ကြီးကြီးမားမား မဖြစ်သေးခင်မှာ ပြေလည် အောင်ဖြေရှင်းပေးနိုင်မယ့်လမ်းကြောင်းတစ်ခု ရှိဖို့လိုတယ်။ အဲဒီအတွက် ဒီအဆိုကို တင်သွင်းတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ပြည်တွင်းပြည်ပ ခရီးသွားများပြားသည့် ကျ ိုက်ထီးရိုးတောင်ပေါ်တွင် နိုင်ငံခြားသားများနှင့် အများပြည်သူများ လာရောက်သည့်အခါ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေချင်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဂေါဗကအဖွဲ့၏ ဆောင်ရွက်နေသည့် အားနည်းချက်များနှင့် အကြပ်အတည်းများကို ပြည်နယ်အစိုးရအနေဖြင့် မူဝါဒများစနစ်တကျချမှတ်ပြီး အပြန်အလှန် ကူညီဆောင်ရွက်စေ ချင်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီစနစ်တကျလုပ်မှ ဝင်ငွေလည်း ကောင်းလာမယ်။ နောက်ပြီး ဒီနေရာဟာ ကျွန်တော်တို့ရဲ့ image ၊ ကျွန်တော်တို့ရဲ့ ပြယုဂ်၊ ဘာသာရေးအရဖြစ်စေ၊ ပြည်နယ်ရဲ့ ပုံရိပ်အရဖြစ်စေ၊ နိုင်ငံရဲ့ ဥပဓိရုပ်အရဖြစ်စေ နိုင်ငံရဲ့ မရှိမဖြစ်ထိုက်သင့်တဲ့ဝိုင်ဝန်းကူညီမှုတွေ လုပ်ဖို့လိုအပ်တယ်”ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ရေလုံလောက်မှုရရှိစေရေး၊ လျှပ်စစ်ဓာတ်အားလိုင်းလုံလောက်မှုရရှိစေရေးနှင့် အမှိုက်ပြဿ နာစသည့် အချက်များကို အဆိုတင်သွင်းသည့်အခါ အသေးစိတ်ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်စွန့်ပစ်ရန်နေရာ မရှိသည့်အတွက် အမှိုက်စွန့်ပစ်ရမည့် နေရာအတွက်လည်း အခက်အခဲများ ကြုံတွေ့နေရပြီး ဘုရားဖူးဧည်သည်တော်များက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး လေထုညစ်ညမ်းမှုပြဿနာများကြုံတွေ့နေရသည့်အပြင် တောင်ပေါ်တွင် ပြန်ကျ ဈေးသည်များလာသည့်အတွက် ထိန်းသိမ်းရန်အခက်အခဲများရှိနေကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်းက ပြောသည်။

ထို့ပြင် တောင်ပေါ်တွင် အမှိုက်စွန့်ပစ်သည့်နေရာများမရှိသည့်အတွက် အမှိုက်များကို ထိန်းသိမ်းနိုင်မည့် စက်ရုံအတွက် နိုင်ငံတော်အစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့က စီစဉ်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း ဦးအေးမြင့်သိန်းက ဆိုသည်။

ပြည်တွင်းပြည်ပခရီးသွားများလာရောက်လည်ပတ်မှုများပြားသည့် ကျိုက်ထီးရိုးတောင်ပေါ်မှ ထွက်ရှိသည့်အမှိုက်များကို ထိန်းသိမ်းရန်အတွက် အမှိုက်စက်ရုံတည်ဆောက်မည့်အစီအစဉ် မရှိသေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုထားသည်။

Written by – ရွှေရိုး

Advertisements
<

Leave a Reply