မော်လမြိုင်၊ နိုဝင်ဘာ ။ ။ ကျိုက်ထိုမြို့နယ်ရှိရှေးဟောင်းယဉ်ကျေးမှုဇုန်တစ်ခုဖြစ်သောဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များလာရောက်လည်ပတ်မှုမှ ဇုန်ဝင်ကြေးအဖြစ် ငွေကျပ် ၆၂၈၉ သိန်းကျော် ရရှိထားပြီးဖြစ်ကြောင်းမွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံးမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

kyaikhteeyoo

ယင်းကမ္ဘာလှည့်ခရီးသွားဇုန်ဝင်ကြေးများကိုမွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေစာရင်းထဲသို့ ထည့်သွင်းထားကြောင်း ၎င်းက ရှင်းပြသည်။
ကျိုက်ထိီးရိုးစေတီတော်သို့ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ ၂၀ ရက်နေ့ထိနိုင်ငံခြားသားခရီးသွားဦးရေ၁၀၄၈၂၂ ဦးထိလာရောက်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘုရားဖူးရာသီအချိန် ဖြစ်တဲ့အတွက် အောက်တိုဘာလနောက်ပိုင်းကစပြီး နိုင်ငံခြားသားဝင်ရောက်မှုက ပြန်လည် မြင့်တတ်လာတယ်၊လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေထဲမှာတော့ အာရှတိုက်ကဝင်ရောက်မှု ပိုများတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ကျိုက်ထီးရိုးစေတီတော်သို့ ထိုင်း၊ ဗီယက်နမ်၊ လာအိုစသည့် အာရှတိုက်မှ အများဆုံးဝင်ရောက်လျက်ရှိကာဂျာမနီ၊ ပြင်သစ်၊ စပိန် စသည့် ဥရောပနိုင်ငံများမှလည်းပုံမှန် လာရောက်လည်ပတ်ကြသဖြင့် နှစ်စဉ် နိုင်ငံခြားခရီးသွားဧည့်သည် တစ်သိန်းကျော်ခန့် လာရောက်လည်ပတ်ကြကြောင်းအဆိုပါ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

Written by – ဟိန်းထက်

Leave a Reply