Advertisements

သထုံ၊ အောက်တိုဘာ ၁၂ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီရင်ပြင်တော်၊ မြသပိတ်ဘုရားလမ်း၌ အောက်တိုဘာ ၁၂ ရက်၊ နံနက်ပိုင်းက အရက်မူးပြီး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသူက အရက်သောက်ပြီး သူများအိမ်တံခါးကိုသွားကန်တော့ အိမ်ရှင်နဲ့ စကားများရန်ဖြစ်ရာကနေ သေ သူက သူ့မှာပါလာတဲ့ဓားနဲ့ အိမ်ရှင်ကို ထိုးတာ။ ဒါကိုအိမ်ရှင်က ဝါးဆစ်ပိုင်းတုတ်နဲ့ပြန်ရိုက်တာ ဒဏ်ရာတွေရပြီး ဆေးရုံအရောက်မှာ ဆုံးသွားတယ်။”ဟု ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်နေ သက်ပိုင်လင်း(၂၂)နှစ်သည် အောင်ကျော်ပိုင်(၂၂)နှစ်နှင့်အတူ နေအိမ်တွင် အရက်သောက်ပြီး တစ်လမ်းတည်းနေသူ စိုးနိုင်ဦး(ခ)ကိုစိုး(၄၉)နှစ်၏ နေအိမ်တံခါးအား ခြေထောက်ဖြင့် ကန်ရာမှ စိုးနိုင်ဦးနှင့် စကားများရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် သက်ပိုင်လင်းက အသင့်ပါလာသော ဓားဖြင့် စိုးနိုင်ဦး(ခ)ကိုစိုးအား ထိုးရာလက်ကို ထိရှသွားသဖြင့် စိုးနိုင်ဦး(ခ)ကိုစိုးက ၎င်းကိုင်ဆောင်ထားသော ဝါးဆစ်ပိုင်းတုတ်ဖြင့် ပြန်လည်ခုခံရိုက်နှက်ရာမှ သက်ပိုင်လင်းတွင် ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသရန်အတွက် ကျိုက်ထိုဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသေဆုံးအောင်ရိုက်နှက်သူ စိုးနိုင်ဦး(ခ)ကိုစိုးအား ကင်မွန်း ချောင်းနယ်မြေရဲစခန်းက (ပ)၁၅၅ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Written by – MMK

 

Advertisements
<

Leave a Reply