ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များခရီးသွား
ပြည်သူများကိုရိုင်းပြစွာဆက်ဆံပါကတိုင်းကြားနိုင်သည့် ဖုန်းနံပါတ်ထားရှိမည်ဖြစ်ကြောင်းတောင်တက်
မော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးဝိတင်ကဟင်္သာမီဒီယာသို့ပြောကြားသည်။

DSC_0595--

“ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေရဲ့ ရိုင်းပြစွာဆက်ဆံမှုကို၊ ဘယ်လိုတားဆီးနိုင်ဖို့၊ ဖုန်းနံပါတ်ကိုကားတိုင်းမှကပ်မယ်၊ ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တွေရဲ့နာမည်တွေကပ်ထားမယ်၊ တိုင်ချင်ရင် ဖုန်းနံပါတ် ကိုယာဉ်လိုင်းနံပါတ်၊ နာမည်တွေနဲ့ အသင်းကိုတိုင်ကြားနိုင်တယ် ”ဟု ၎င်းကဆိုသည်။

ခရီးသည်တွေကိုယာဉ်နောက်လိုက်တွေကရိုင်းပြစွာဆက်ဆံခြင်း၊ ယာဉ်စီးခပိုမိုကောက်ခံခြင်း၊အခြားသောဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှု မရှိပါကတိုင်းကြားနိုင်ကြောင်းဦးဝိတင်ကဆိုသည်။

ဇူလိ်ုင်လ ၂၄ရက်နေ့က ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းရုံးအစည်းအဝေးခန်းမတွင်
သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့တို့
သည် ကျိုက်ထီးရိုးတောင်ပေါ်ရှိဝန်ဆောင်မှုလုပ်ငန်းများအကြောင်းဆွေးနွေးခဲ့ကြောင်းအဆိုပါ
အဖွဲ့အစည်းများထံမှသိရသည်။

“ကားတွေကိုအမိုးတပ်ဖို့ ၊ အုပ်စုသုံးစုခွဲ၍ အမိုးပုံစံသုံးမျိုးပြုလုပ်ပြီးတော့ စမ်းသပ်နေတယ်၊တောင်တက်
လမ်းတွေ လိုအပ်တဲ့နေရာမှာ ပြင်ဆင်ဖို့လုပ်နေတယ်၊ ဘုရားဖူးများပြားတဲ့အချိန်မှာမတိုးမကြိတ်စေဖို့
ဆွေးနွေး ညှိုနှိုင်းတိုင်ပင်ခဲ့တယ်”ဟုဦးဝိတင် ကရှင်းပြသည်။

အဆိုပါ အစည်းအဝေးတွင် ကင်ပွန်းချောင်းတောင်တက် ဂိတ်မှ ခရီးသည်များယာဉ်ပေါ်သို့ စနစ်တကျ တက်ရောက် စီးနင်းနိုင်ရေးအတွက် လေဆိပ် ဘူတာများရှိလက်မှတ် ဝယ်ယူသည့်နေရာများကဲ့သို့
တစ်ဦးချင်းသာဝင်ရောက် နိုင်သည့်လိုင်းများထားရှိရန်၊ နိုင်ငံခြားသားများအတွက် သီးသန့်မော်တော်
ယာဉ် (သို့မဟုတ်)မော်တော်ယာဉ် ရှေ့ခန်းမှ စီးနင်းနိုင်ရေးစီစဉ်ထားရန် တို့ကိုဆွေးနွေးခဲ့ကြောင်း
ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှသိရသည်။

ထို့အပြင် လုံခြုံရေးအင်အားလိုအပ်ပါကချက်ချင်းတင်ပြတောင်းခံရန်၊ ဘုရားဖူးခရီးသည်များအားဒေသခံများ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများကစေတနာထား၍ ဝန်ဆောင်မှုပေးရန် တို့ကိုဆွေးနွေးခဲ့ကြသည်။

Leave a Reply